တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မာရသွန် ပွဲကို ဆင်နွှဲခဲ့တဲ့ ချယ်လ်ဆီးကစားသမားဟောင်း ဂျွန်တယ်ရီက လုပ်ဖူးသမျှ အလုပ်တွေထဲမှာ အခက်ခဲဆုံးပဲလို့ ဝန်ခံလိုက်ပါတယ်။ ဂျွန်တယ်ရီက ပန်းဝင်တဲ့အထိ ဇွဲမလျှော့ခဲ့ပေမဲ့ အတော်လေးရုန်းကန်ခဲ့ရကြောင်း မြင်တွေ့ခဲ့ကြရပါတယ်။

ဒီနှစ်ပြုလုပ်တဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူ (၅၆၀၀၀)ရှိခဲ့ပြီး စံချိန်သစ် ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဂျွန်တယ်ရီနဲ့အတူ ပရီးမီးယားလိဂ်ကစားသမားဟောင်းတချို့ ပါဝင်ခဲ့သလို၊ အီတလီနောက်ခံလူဟောင်း ဘိုနူချီလည်း ပါဝင်ခဲ့ပါတယ်။ လန်ဒန်မာရသွန်ဆိုတာက ဆယ်လီတွေ၊ အနုပညာလောကက အကျော်အမော်တွေ၊ အားကစားလောကက ကြယ်ပွင့်တွေလည်း ဝင်ရောက်ဆင်နွှဲလေ့ရှိတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့်ပါ။
ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့တဲ့ ဘောလုံးသမားစာရင်းမှာတော့ ဂျွန်တယ်ရီ၊ ဘိုနူချီ၊ ဒန်နီမေးလ်စ်၊ ရန်းဒေါ့ဖ်၊ ဝီလ်ရှိုင်းယား၊ ဂျိုဒီမောရစ်၊ ဆစ်ဒ်ဝဲလ်တို့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျွန်တယ်ရီက ပန်းဝင်တဲ့အထိ (၅)နာရီနဲ့ (၄၃)စက္ကန့်အချိန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ဘိုနူချီက (၅)နာရီ၊ (၂)မိနစ်နဲ့ (၉)စက္ကန့် ကြာမြင့်ခဲ့တာကြောင့် ဂျွန်တယ်ရီက ဘိုနူချီထက်တောင်သာခဲ့တယ်လို့လည်း ဗြိတိန်မီဒီယာတွေက နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။ မာရသွန်ပွဲ ဆင်နွှဲခဲ့ကြဖူးတဲ့ ဘောလုံးသမားတွေထဲမှာ အမြန်ဆုံးပန်းဝင်သူအဖြစ် စံချိန်တင်ထားသူကတော့ နယ်သာလန်တောင်ပံ ကစားသမား ရော်ဘင်ဖြစ်ပြီး ရော့တာဒမ်မာရသွန် ပြိုင်ပွဲမှာ (၂)နာရီ၊ (၅၈)မိနစ်၊ (၃၃)စက္ကန့်နဲ့ ပန်းဝင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။