
အာဆင်နယ် နှင့် PSG (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)
ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ ထိပ်တိုက်တွေ့ခဲ့ကြဖူးတယ်။ ဒီရာသီ Format အရ အိမ်ကွင်း၊ အဝေးကွင်း ကစားရတာမဟုတ်ဘဲ အာဆင်နယ်အသင်းရဲ့ကွင်းမှာပဲ ကစားခဲ့ရတာဖြစ်ပြီး အဲ့ဒီတုန်းက အာဆင်နယ်က ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ပွဲပြီးတော့ PSG အသင်းနည်းပြ အန်နရီကေးက အာဆင်နယ်က ခိုင်မာတောင့်တင်းတဲ့အသင်း၊ သူတို့အသင်းက အခုမှ ပြန်လည်တည်ဆောက်နေတဲ့အသင်းဖြစ်ပြီး အဆင့်ချင်းကွာတဲ့ ပုံစံပြောခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က PSG နဲ့ လက်ရှိအသင်းက တော်တော်လေးတော့ ကွာသွားပြီဆိုတာ တွေ့ရတယ်။ အထူးသဖြင့် လီဗာပူးလ်နဲ့ နှစ်ကျော့၊ အက်စတွန်ဗီလာနဲ့ နှစ်ကျော့ပွဲစဉ်တွေကနေတစ်ဆင့် ဆီမီးတက်လာတာဖြစ်လို့ အင်္ဂလိပ်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့အတွေ့အကြုံလည်းရှိတယ်။ အာဆင်နယ်က ကွင်းလယ်ခိုင်မာပြီး၊ ခံစစ်ကောင်း၊ ဟန်ချက်ညီတယ်။ PSG ကလည်း တန်ပြန်တိုက်စစ်တွေမှာ အဆိပ်ရှိတဲ့အသင်းပါ။ ဒီတစ်ကြိမ်အာဆင်နယ်ကွင်းမှာတော့ အာဆင်နယ်ကပ်နိုင်ဖို့ပဲ မျှော်လင့်နိုင်မယ်။