Eleven Media Group

■ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် တက်ရောက်လိုပါက ပါရီတွင် ထူးထူးခြားခြားလုပ်ပြနိုင်ရန်လိုကြောင်း အာတီတာ ပြောကြား

Photo: Arsenal

အာဆင်နယ်အသင်းနည်းပြ အာတီတာက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် PSG အသင်းကို အိမ်ကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဗိုလ်လုုပွဲ တက်ရောက်လိုပါက ပါရီတွင် ကစားမည့်ပွဲ၌ ထူးထူးခြားခြား လုပ်ပြနိုင်ရန်လိုကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် PSG အသင်းကို အိမ်ကွင်း၌ ဒမ်ဘီလီ၏ပွဲအစ (၄)မိနစ်တွင် သွင်းယူခဲ့သည့်ဂိုးကြောင့် (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အာဆင်နယ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် မေလ (၇)ရက်တွင် PSG အသင်း၏အိမ်ကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲတွင် မဖြစ်မနေအနိုင်ကစားရမည်ဖြစ်သည်။

အာတီတာက ''ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ချင်တယ်ဆိုရင် ထူးထူးခြားခြား လုပ်ပြနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် ပါရီမှာ ထူးထူးခြားခြား လုပ်ပြသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိနေသေးတာပါ။ ကျွန်တော်တို့အနေနဲ့ ပါရီကို သွားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် PSG အသင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုများတွင် ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

League Phase အဆင့်တွင်လည်း ယင်းအသင်းနှစ်သင်း တွေ့ဆုံခဲ့ပြီး အာဆင်နယ်အသင်းက အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့သည်။

မူရင်းသတင်း — Eleven Media Group