
ဘက်တစ် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဘက်တစ်အသင်းက အန်တိုနီ အငှားနဲ့ရောက်လာမှ အရာရာပြောင်းလဲသွားတယ်။ လာလီဂါမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေပြီး အခု ကွန်းဖရန့်လိဂ်မှာလည်း ဖလားရဖို့ မျှော်လင့်ချက် အတော်မြင့်လာတာ တွေ့ရ တယ်။ ပြိုင်ပွဲစုံ နောက်ဆုံး(၁၀)ပွဲမှာလည်း ဗီလာရီးယဲလ်တစ်သင်းတည်းကို အရေးနိမ့်ထားတာ တွေ့ရတယ်။ လာလီဂါမှာရော ကွန်းဖရန့်လိဂ်မှာပါ အတောင့်တင်းဆုံး ပွဲထွက်စာရင်းနဲ့ ယှဉ်ပြိုင်နေရလို့ ဘက်တစ်အသင်း ကစားသမားပိုင်း ပွဲပန်းနေတာကိုပဲ သတိပြုရမယ်။ ဖီအိုရင်တီးနားအသင်းကလည်း စီးရီးအေမှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိသေးပေမဲ့ အတော်လေးရုန်းကန်ရမယ့် အခြေအနေပါပဲ။ လက်ရှိအနေအထားမှာတော့ ဒီနှစ်သင်းကြား အခြေအနေချင်း တူနေပြီး ကစားသမားပိုင်းအရလည်း ခြားနားချက် သိပ်မရှိပါဘူး။ အသင်းစိတ်ဓာတ်ပိုင်းနဲ့ အသင်းလိုက်ဟန်ချက်မှာ ဘက်တစ်အသင်းက နှာတစ်ဖျားသာနေတဲ့ အနေအထားပါ။ ဘက်တစ်ကိုပဲ ကြိုက်တယ်။
ယာဂါးဒန်း နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဆွီဒင်ကလပ် ယာဂါးဒန်းအသင်းက မထင်မှတ်ဘဲ ဆီမီးဖိုင်နယ် ရောက်လာတာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ သြစတြီးယားကလပ် ရက်ပစ်ဝီအန်ကို အဝေးကွင်းမှာ တစ်ပွဲလုံးနီးပါး တစ်ယောက်အသာရခဲ့လို့ အနိုင်ရခဲ့တာပါ။ ချယ်လ်ဆီးလို အသင်းမျိုးကိုတော့ ယာဂါးဒန်းအသင်းအနေနဲ့ ဘယ်လိုမှ ဒုက္ခပေးနိုင်စွမ်း မရှိပါဘူး။ ချယ်လ်ဆီးအသင်းမှာတော့ နီကိုးလက်စ်ဂျက်ဆင် ဂိုးပေါက်ပြန်တွေ့ထားပြီး ကိုးပါလ်မာကတော့ ဂိုးပေါက်ပျောက်နေဆဲပါပဲ။ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက ကွန်းဖရန့်လိဂ်မှာ အဓိကကစားသမားတချို့ ပြန်သုံးလာပေမဲ့ အရန်ကစားသမားတွေက ပိုများပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ပိုအရေးပါနေပေမဲ့ ကွန်းဖရန့်လိဂ်ကလည်း အသင်းအတွက်ရော မာရက်စကာအတွက်ပါ ဂုဏ်သိက္ခာအရ အရယူပြရမယ့် ဖလားဖြစ်နေတယ်။ ကစားသမားပိုင်းအရလည်း အဝေးကွင်းအခြေအနေက သိပ်ထည့်တွက်စရာ မရှိပါဘူး။ ချယ်လ်ဆီးပဲ ကြိုက်တယ်။