
နော်တင်ဟမ် နှင့် ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁းဝ၀ နာရီ)
နော်တင်ဟမ်က FA ဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် လိဂ်ပြိုင်ပွဲကို ပြန်အာရုံစိုက်လိမ့်မယ်။ ဒီပွဲနိုင်ရင် နော်တင်ဟမ်အသင်းအနေနဲ့ အဆင့် (၃)နေရာကို ပြန်ရောက်မှာဖြစ်လို့ နိုင်ပွဲအတွက် ရုန်းကန်လိမ့်မယ်။ ဘရန့်ဖို့ဒ်ကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာလည်း ဘရိုက်တန်ကို အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ အထက်မရောက်၊ အောက်မရောက်ဖြစ်နေတဲ့ အနေအထားမှာ ဘရန့်ဖို့ဒ်အသင်းအနေနဲ့ ပုံမှန်လောက်ပဲ ကစားသွားဖို့ရှိတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နော်တင်ဟမ်အနိုင်ကစားလိမ့်မယ်။