နယူးကာဆယ်ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ အာဂျင်တီးနားကွင်းလယ် ကစားသမားဟောင်း ဂူတီယာရက်ဇ်က မေ့လျော့နေတဲ့ ပရိသတ်တွေ သူ့ကို သတိပြန်ရအောင် လုပ်ဆောင်ခဲ့ပါတယ်။ နယူးကာဆယ်မြို့လယ်ခေါင်မှာ ဂီတာတီး သီချင်းဆိုပြီး Busking လုပ်နေတဲ့ ဗီဒီယိုဖိုင်ကို Instagram မှာ တင်ခဲ့တာပါ။

သူချစ်တဲ့ မြို့လေးမှာ အခုလို Busking လုပ်ချင်တာက သူ့ရဲ့ အိပ်မက်တစ်ခု ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ Busking လုပ်တယ်ဆိုတာက အခုလို ဂီတာတီး သီချင်းဆိုပြပြီး လမ်းသွားလမ်းလာတွေပေးတဲ့ ငွေကြေးကို ရယူတာပေါ့။ ဂူတီယာရက်ဇ်က အခု (၄၁)နှစ်ရှိပါပြီ။ သူက နယူးကာဆယ်အသင်းမှာ ၂၀၀၈ ကနေ ၂၀၁၅ အထိ (၇)နှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း(၂၀၀)ကျော် ယှဉ်ပြိုင်ခဲ့သူပါ။ ဂိုးသွင်းပြီးရင် Spider-man မျက်နှာဖုံးတပ်ပြီး အောင်ပွဲခံလေ့ရှိတာကြောင့် ပရိသတ်တချို့ကတော့ သူ့ကို စပိုက်ဒါမန်းလို့ ချစ်စနိုးခေါ်ကြပါတယ်။ သူက နယူးကာဆယ်အသင်းနဲ့ ဆယ်စုနှစ်တစ်ခုစာ ဝေးကွာနေခဲ့ပြီဖြစ်ပေမဲ့ ဒီမြို့လေးကို ချစ်တဲ့အချစ်ကတော့ လျော့မသွားခဲ့ပါဘူး။ ဒါကြောင့် Busking လုပ်နေတဲ့ ဗီဒီယိုဖိုင်နဲ့အတူ " ဒါဟာ ငါ့မြို့၊ ငါ့အိမ်ပါ။ ငါက Geordie (နယူးကာဆယ်အသင်းတည်ရှိရာ အင်္ဂလန်အရှေ့မြောက်ပိုင်းတွင် နေထိုင်သူများကို ခေါ်ဝေါ်သည့်စကားလုံး) တစ်ယောက်ပါပဲ။ ငါ ဒီမြို့နဲ့ ဒီမြို့က လူတွေကို ချစ်တယ်။ ဒီအမှတ်တရနေရာမှာ ဂီတာတီးချင်တဲ့ အိပ်မက်အမှန်တကယ်ဖြစ်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်"လို့ ဂူတီယာရက်ဇ်က ရေးသားခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်လေးကို အားပေးသူများစွာရှိခဲ့ပြီး နယူးကာဆယ်ပရိသတ်တွေလည်း အတော်လေး သဘောကျခဲ့ကြပါတယ်။ ပရိသတ်တစ်ယောက်ကတော့ Geordie တစ်ခါဖြစ်ဖူးရင် အမြဲတမ်း Geordie ဖြစ်သွားမှာပါပဲလို့ ဆိုခဲ့ပါတယ်။ ပရိသတ်တစ်ယောက်ကလည်း နယူးကာဆယ် ဂန္ထဝင်ကစားသမားတစ်ယောက် ဂီတာထိုင်တီးနေတာကို မြင်ရဖို့ဆိုတာ အမြဲတမ်း မျှော်လင့်လို့ ရနိုင်တာ မဟုတ်ပါဘူးလို့ ဆိုခဲ့ပါတယ်။