
ဧပြီလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုချီးမြှင့်ရန် ဆန်ခါတင်စာရင်းများကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပြီး ဝုလ်ဗ်နည်းပြ ဗစ်တာပါရဲရားသည် အကောင်းဆုံးနည်းပြဆုရရှိရန် အလားအလာများနေကြောင်း သိရသည်။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွင် အူနိုင်းအမ်မရီ(အက်စတွန်ဗီလာ)၊ ဂွါဒီယိုလာ(မန်စီးတီး)၊ အက်ဒီဟောင်း(နယူးကာဆယ်)၊ ဗစ်တာပါရဲရား (ဝုလ်ဗ်)နှင့် အာနယ်ဆလော့(လီဗာပူးလ်)တို့ ပါဝင်ခဲ့ပြီး ဗစ်တာပါရဲရားသည် ယှဉ်ပြိုင်ခဲ့သည့် (၅)ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အလားအလာကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။
အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် နူရီ (ဝုလ်ဗ်)၊ ဟာဗေးဘန်းစ်(နယူးကာဆယ်)၊ အယ်လစ္စတာ(လီဗာပူးလ်)၊ မာဖီ(နယူးကာဆယ်)၊ မော်ဂန်ရော်ဂျာစ်(အက်စတွန်ဗီလာ)၊ ဆီဆက်ဂနွန်(ဖူလ်ဟမ်)နှင့် လာဆန်(ဝုလ်ဗ်)တို့ ပါဝင်ခဲ့သည်။
အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် အယ်လန်ဂါ(နော်တင်ဟမ်)၊ အယ်လစ္စတာ(လီဗာပူးလ်)၊ ဝက်ကင်စ်(အက်စတွန်ဗီလာ)၊ ဆန်ချို(ချယ်လ်ဆီး)၊ ဆာရာဘီယာ(ဝုလ်ဗ်)၊ မာတက်တာ (ပဲလေ့စ်)၊ အေယာယီ(ဘရိုက်တန်) နှင့် ဘာလီဘာ(ဘရိုက်တန်)တို့ ပါဝင်ခဲ့သည်။
အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းတွင် အာရီအိုလာ(ဝက်စ်ဟမ်း)၊ ဗီကာရီယို(စပါး)၊ ဗာဘရပ်ဂျန်(ဘရိုက်တန်)၊ အဲလက်စ်ပါလ်မာ(အစ်ဝစ်ချ်) နှင့် မက်ဇ်ဆဲလ်စ်(နော်တင်ဟမ်)တို့ ပါဝင်ခဲ့သည်။