
မန်ယူနိုက်တက်အသင်း ခေါ်ယူရန် ကြိုးပမ်းနေသည့် အစ်ဝစ်ချ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဒီလပ်သည် တစ်ပတ်လစာ ပေါင်(၁၅၀၀၀၀)အထိ ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် လက်ရှိတိုက်စစ်မှူးများ၏ ခြေစွမ်း ကို စိတ်တိုင်းကျခြင်းမရှိသည့်အတွက် လာမည့်နွေရာသီ၌ တိုက်စစ်မှူးအသစ် ခေါ်ယူအားဖြည့်ရန် စီစဉ်နေရာ ဒီလပ်ကို ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ဒီလပ်က လစာအဖြစ် တစ်ပတ်ပေါင်(၁၂၀၀၀၀)မှ (၁၅၀၀၀၀)အတွင်း ပေးချေရန် တောင်းဆိုထားကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။
အသက် (၂၂) နှစ်အရွယ်ရှိ ဒီလပ်သည် အစ်ဝစ်ချ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်လျော်ကြေး ပေါင်သန်း (၄၀) ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒီလပ်အား ခေါ်ယူရန် မန်ယူနိုက်တက်အသင်းအပြင် အာဆင်နယ်၊ ချယ်လ်ဆီးနှင့် ဂျာမန်ကလပ် လေဗာကူဆင်အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။