Eleven Media Group

■ တံကောက်ကြောဒဏ်ရာကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုကျော့ကို ခွန်ဒဲ လွဲချော်မည်

ဘာစီလိုနာအသင်းမှ ပြင်သစ်နောက်ခံလူ ခွန်ဒဲသည် တံကောက်ကြောဒဏ်ရာကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ခွန်ဒဲသည် အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းမှာပင် လူစားလဲခံခဲ့ရသည်။

ယခုအခါ စမ်းသပ်စစ်ဆေးမှုများအရ ၎င်းအနေဖြင့် (၃)ပတ်ဝန်းကျင် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယမားလ်အနေဖြင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ကို လွဲချော်ရမည့်အပြင် ဘာစီလိုနာအသင်း၏ ပွဲစဉ်(၅)ပွဲခန့်ကို လွဲချော်ရဖွယ်ရှိကြောင်း သိရသည်။

ခွန်ဒဲသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ(၅၃)ပွဲ ကစားထားသူဖြစ်သည်။

မူရင်းသတင်း — Eleven Media Group