Eleven Media Group

■ ယမားလ်ထက် ပိုကောင်းသူနှစ်ဦးရှိသည်ဟု မားကပ်စ်သူရမ် ဆို

Photo: Getty Images

အင်တာမီလန်အသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား မားကပ်စ်သူရမ်က လက်ရှိအချိန်၌ ကမ္ဘာ့အကောင်းဆုံးကစားသမားမှာ ဘာစီလိုနာကြယ်ပွင့် ယမားလ် မဟုတ်ဘဲ ၎င်းထက် ပိုကောင်းသည့် ကစားသမားနှစ်ဦးရှိနေသည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာ (၃-၃) အင်တာမီလန်ပွဲအပြီး၌ ယမားလ်သည် ကမ္ဘာ့အကောင်းဆုံးကစားသမားလားဟု မေးမြန်းမှုအပေါ် မား ကပ်စ်သူရမ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မားကပ်စ်သူရမ်က "မဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံးကစားသမားက ပြင်သစ်ပါ။ ဒုတိယကလည်း ပြင်သစ်ပါပဲ။ သူတို့ကတော့ ဒမ်ဘီလီနဲ့ ဘာပေတို့ပါ။ သူတို့ပြီးတော့မှ ယမားလ် ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

ယမားလ်သည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၄၉) ပွဲတွင် (၁၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂၄) ကြိမ် ပြုလုပ်ထားသည်။

PSG တိုက်စစ်ကစားသမား ဒမ်ဘီလီမှာလည်း ပြိုင်ပွဲစုံ (၄၅) ပွဲတွင် (၃၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၂) ကြိမ် ပြုလုပ်ထားသည်။ ရီးယဲလ်တိုက်စစ်မှူး ဘာပေမှာလည်း ပြိုင်ပွဲစုံ ပွဲ (၅၀) တွင် (၃၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိ်မ် ပြုလုပ်ထားသည်။

မူရင်းသတင်း — Eleven Media Group