Eleven Media Group

■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
မန်စီးတီး - ဝုလ်ဗ် (မြန်မာစံတော်ချိန် မေလ ၃ ရက် နံနက် ၁:၃၀ နာရီ)
မန်စီးတီးအသင်းက နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းရော၊ ရလဒ်ပါ ပြန်မှန်လာတာကိုတွေ့ရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက အရေးကြီးနေချိန်မှာ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားနေသလို၊ FA ဖလား ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ခြင်းကလည်း အသင်းရဲ့ ယုံကြည်မှုကို ပိုမိုတိုးတက်လာစေတယ်။ အိုမာမာမွတ်ရှ်က တဖြည်းဖြည်း ပိုအထိုင်ကျလာသလို၊ ဒိုကူလည်း နောက်ပိုင်းပွဲတွေမှာ အကျိုးပြုလာတာကို တွေ့ရတယ်။ ဝုလ်ဗ်အသင်းကတော့ အမှတ်မလိုတဲ့အသင်းဆိုပေမဲ့ နောက်ပိုင်းပွဲတွေက ရလဒ်တွေကို ကြည့်ရင် ပွဲတိုင်းကို အားထည့်ကစားနေတယ်ဆိုတာကို တွေ့ရတယ်။ ဖိအားကင်းကင်းနဲ့ ရုန်းကန်ပြနေပြီး အသင်းမှာ ကွာလတီကစားသမားတွေလည်း ရှိနေတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ Form အကောင်းဆုံးအသင်းလို့တောင် ပြောလို့ရတဲ့ အနေအထားလည်းဖြစ်တယ်။ မန်စီးတီးအတွက် အိမ်ကွင်းဖြစ်သလို၊ နိုင်ပွဲရဖို့လည်း အရေးပါနေလို့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပေမယ့် ပေါ့လို့မရတဲ့ ပွဲပါ။ မန်စီးတီး ကပ်နိုင်သွားဖို့ ရှိတယ်။


■ လာလီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်
ဗယ်လက်ကာနို - ဂီတာဖေး (မြန်မာစံတော်ချိန် မေလ ၃ ရက် နံနက် ၁:၃၀ နာရီ)
မက်ဒရစ်မြို့ခံအသင်းတွေ တွေ့ဆုံတဲ့ပွဲဖြစ်လို့ အကြိတ်အနယ် ရှိနိုင်တယ်။ လက်ရှိမှာလည်း အဆင့်အထက်၊ အောက် ရပ်တည်နေကြလို့ ခြေစွမ်းချင်း သိပ်မကွာဘူး။ ဒါကြောင့် ဒီပွဲကို ဂိုးအနည်း သရေပွဲအဖြစ်ပဲ မှန်းထားချင်တယ်။


■ စီးရီးအေပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
တိုရီနို - ဗင်နီဇီယာ (မြန်မာစံတော်ချိန် မေလ ၃ ရက် နံနက် ၁:၁၅ နာရီ)
တိုရီနိုက အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပြီး ဘာမျှော်လင့်ချက်မှလည်း မရှိတော့ပါဘူး။ တန်းမဆင်းရဖို့ ရုန်းကန်ရမယ့် ဗင်နီဇီယာကို ကြိုက်တယ်။ (၂)သင်းပေါင်းသွင်းဂိုး နည်းနိုင်တယ်။


■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
ဟိုင်းဟိုင် - ဘိုဟုမ် (မြန်မာစံတော်ချိန် မေလ ၃ ရက် နံနက် ၁:၀၀ နာရီ)
ဘိုဟုမ်အသင်း ဒီပွဲသာ အရေးနိမ့်ရင် ချက်ချင်းတန်းဆင်းသွားရလိမ့်မယ်။ ဖောင်ဖျက်ကစားဖို့ရှိတဲ့ ဘိုဟုမ်ဘက်ကပဲ ရပ် တည်ချင်တယ်။


■ ပြင်သစ်လီဂူးပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
နိုက်စ် - Reims (မြန်မာစံတော်ချိန် မေလ ၃ ရက် နံနက် ၁:၁၅ နာရီ)
နိုက်စ်က နောက်ဆုံးပွဲမှာ PSG ကိုတောင် အနိုင်ယူပြီး သူတို့ရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်ကို အသက်သွင်းခဲ့တယ်။ ဒါကြောင်း Reims ကိုလည်း နိုက်စ် အနိုင်ကစားလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group