Eleven Media Group

■ ပုံစံကောင်းမပြနိုင်ဘဲ ရုန်းကန်နေရသည့် ဂျိုကိုဗစ် အီတလီအိုးပင်းပြိုင်ပွဲမှ နုတ်ထွက်

ယခုနှစ်အတွင်း ပုံစံကောင်းမပြနိုင်ဘဲ ရုန်းကန်နေရသည့် ၀ါရင့်ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်သည် အီတလီအိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ဂျိုကိုဗစ် (၃၇ နှစ်)သည် မွန်တီကာလိုမာစတာနှင့် မက်ဒရစ်အိုးပင်းပြိုင်ပွဲ နှစ်ပွဲဆက်တိုက် ပထမဆုံးယှဉ် ပြိုင်ရသည့် ဒုတိယအဆင့်မှ ထွက်ခဲ့ရပြီးနောက် ရောမမာစတာဖြစ်သည့် အီတလီအိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဂျိုကိုဗစ်အနေဖြင့် အီတလီအိုးပင်းပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ် ကတည်းက နှစ်စဉ်ယှဉ် ပြိုင်ခဲ့သော်လည်း ယခုနှစ်ပြိုင်ပွဲမှ နုတ်ထွက်သည့်အကြောင်းရင်းကို ပြောကြားခြင်းမရှိကြောင်း ပြိုင်ပွဲတာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
ပြင်သစ်အိုးပင်း ဂရင်းစလင်းပြိုင်ပွဲကို မေလကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ၎င်းအနေဖြင့် ယင်းပြိုင် ပွဲမတိုင်မီ အခြားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ဖွယ်မရှိတော့ကြောင်းနှင့် ပြင်သစ်အိုးပင်းတွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန်အတွက် အနားယူ အားမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group