
အက်စတွန်ဗီလာ - ဖူလ်ဟမ် (မြန်မာစံတော်ချိန် မေလ ၃ ရက် ညနေ ၆:၀၀ နာရီ)
အက်စတွန်ဗီလာအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေတဲ့အသင်းတွေထဲမှာ နည်းနည်းလေး အခြေအနေ ဆိုးနေတယ်။ အမှတ်လျော့ခံလို့မရတဲ့အခြေအနေလည်းဖြစ်တယ်။ ဖူလ်ဟမ်ကလည်း ပွဲတိုင်းကို အာရုံစိုက်ကစားတတ် တယ်။ ဒါပေမဲ့ ဗီလာ ကပ်နိုင်မှာပါ။
အဲဗာတန် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၈:၃၀ နာရီ)
အဲဗာတန်အသင်းက အမှတ်မလိုသလို၊ အစ်ဝစ်ချ်ကလည်း တန်းဆင်းပြီးပါပြီ။ နှစ်သင်းစလုံး ဖိအားကင်းကင်းနဲ့ နိုင်ပွဲရဖို့ အစွမ်းကုန် ကစားကြမှာသေချာတယ်။ အထူးသဖြင့် အိမ်ရှင်အသင်းက ဒီလိုအခြေအနေမှာ ပွဲလာကြည့်တဲ့ပရိသတ်တွေ ကျေနပ်အောင်ကစားရမှာပါ။ အဲဗာတန် အနိုင်ရမှာပါ။
လက်စတာ - ဆောက်သမ်တန် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၈:၃၀ နာရီ)
တန်းဆင်းသွားတဲ့ အသင်းနှစ်သင်းဖြစ်ပြီး လက်စတာအသင်းကတော့ အခုနောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပို်င်းတိုးတက် မှုကို မြင်လာရတယ်။ ဆောက်သမ်တန်က ကစားပုံမဆိုးပေမဲ့ အရင်ကတည်းက ခံစစ်အရမ်းညံ့ပါတယ်။ လက်စတာကွင်းမှာ လက်စတာပဲ နိုင်မယ်။
အာဆင်နယ် - ဘုန်းမောက် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၁၁:၀၀ နာရီ)
ဘုန်းမောက်က ယူရိုပါလိဂ်၊ သို့မဟုတ် ကွန်းဖရန့်စ်လိဂ် ဝင်ခွင့်ရဖို့အတွက် ရုန်းကန်ရဦးမယ့် အသင်းဖြစ်တယ်။ အခြား တစ်ဖက်မှာတော့ အာဆင်နယ်အသင်းက အမှတ်မလိုတော့ဘူး။ ချန်ပီယံလိဂ်ပွဲစဉ်ကိုပဲ အာရုံစိုက်ရမှာဖြစ်ပြီး ဒီပွဲက အဓိကကစားသမားတွေ အနားပေးထားသင့်တဲ့ပွဲလည်းဖြစ်တယ်။ ခြေစွမ်းက အာဆင်နယ်ပိုကောင်းတာမှန်ပေမဲ့ လက်ရှိ အနေအထားအရတော့ ဘုန်းမောက်ကို ကြိုက်တယ်။