Eleven Media Group

■ လာလီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

အလာဗတ်စ် - အက်သလက်တီကို (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၆:၃၀ နာရီ)
အက်သလက်တီကိုက လက်ကျန်ပွဲတွေကို ပေါ့ပေါ့ပါးပါး ကစားနိုင်နေပေမဲ့ အလာဗတ်စ်ကတော့ တန်းမဆင်းရရေး အ သည်းအသန်အမှတ်ရှာနေရတဲ့အချိန် ဖြစ်နေတယ်။ နောက်ဆုံးပွဲမှာလည်း ဆိုစီဒက်ကို အနိုင်ကစားထားလို့ အက်သလက်တီကိုကိုလည်း အကောင်းဆုံးရင်ဆိုင်လာဦးမှာ သေချာတယ်။ အလာဗတ်စ် အိမ်ကွင်းခံစစ်မာလို့ အက်သလက်တီကို ဂိုးရဖို့ခက်နိုင်တယ်။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။


ဗီလာရီးယဲလ် - အိုဆာဆူနာ (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၈:၄၅ နာရီ)
ဗီလာရီးယဲလ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဘက်တစ်နဲ့အပြိုင် ဖြစ်နေလို့ အိမ်ကွင်းမှာ အတိမ်းအစောင်းခံမှာ မဟုတ် ဘူး။ ဒါပေမဲ့ အိုဆာဆူနာကလည်း ဥရောပဝင်ခွင့်ရှိနေသလို ခြေစွမ်းလည်း ငြိမ်နေလို့ ဗီလာရီးယဲလ်ဆီက အမှတ်ခွဲယူသွားနိုင်တယ်။ ဂိုးအနည်း သရေပွဲ ဖြစ်သွားနိုင်တယ်။


လက်စ်ပါမားစ် - ဗလင်စီယာ (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၁၁:၀၀ နာရီ)
တန်းမဆင်းရရေးအိမ်ကွင်းအားနဲ့ လက်စ်ပါမားစ် အမှတ်ရှာနေတယ်။ ဗလင်စီယာကလည်း စိတ်ချရတဲ့နေရာရောက်ရေး အမှတ်ရှာရဦးမှာဖြစ်လို့ လက်စ်ပါမားစ် ခက်ခဲနိုင်တယ်။ ဒါပေမဲ့ အစဉ်အလာအရသာတဲ့ လက်စ်ပါမားစ်နဲ့ ဂိုးအနည်းကိုရွေးမယ်။


ဗယ်လာဒိုလစ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် မေလ ၄ ရက် နံနက် ၁:၃၀ နာရီ)
ဘာစီလိုနာက အင်တာနဲ့ ချန်ပီယံလိဂ် (၂) ကြားမှာ ဗယ်လာဒိုလစ်လို တန်းဆင်းသွားရပြီဖြစ်တဲ့ အသင်းနဲ့ လာတွေ့နေ လို့ နည်းနည်းတော့ သက်သောင့်သက်သာ ဖြစ်စရာ ရှိတယ်။ ဗယ်လာဒိုလစ်ကလည်း တွေ့တဲ့အသင်းတိုင်းကို အမှတ်လှူနေတဲ့အသင်းဖြစ်လို့ ဘာစီလိုနာအတွက် အနိုင်ကစားဖို့ အခက် အခဲမရှိနိုင်ဘူး။ ဘာစီလိုနာကလည်း ချန်ပီယံဆုအတွက် အမှတ်လျော့လို့ မရသေးတဲ့အချိန်ဆိုတော့ အနိုင်မရ၊ ရအောင်တော့ ကစားမှာ သေချာပေမဲ့ ဂိုးပြတ်၊ မပြတ်တော့ သိပ်မသေချာသလို ဖြစ်နေတယ်။

မူရင်းသတင်း — Eleven Media Group