Eleven Media Group

■ စီးရီးအေပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ကာဂလီယာရီ - အူဒီးနီးစ် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၇:၃၀ နာရီ)
ကာဂလီယာရီက အိမ်ကွင်းဆိုရင် ကစားပုံသိသိသာသာ ကောင်းတတ်တယ်။ အူဒီးနီးစ်ကတော့ စီးရီးအေအဝေးကွင်း နောက်ဆုံး (၃)ပွဲဆက် ရှုံးထားတယ်။ ကာဂလီယာရီဘက်က ရပ်တည်သင့်တယ်။


ပါးမား - ကိုမို (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၇:၃၀ နာရီ)
ပါးမားက ပွဲကျပ်ကာလတွေမှာတောင် ရမှတ်တွေစုဆောင်းနိုင်ခဲ့ပြီး တန်းဆင်းဇုန်နဲ့ (၇)မှတ်အကွာအထိ ရောက်လာတယ်။ ကိုမိုက နိုင်ပွဲဆက်နေပေမဲ့ ဒီပွဲတော့ သရေလောက်ပဲ ရမယ်ထင်တယ်။


လက်ချီ - နာပိုလီ (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၁၀:၃၀ နာရီ)
တန်းဆင်းအန္တရာယ်ရှိနေတဲ့ လက်ချီက နောက်ဆုံး(၅)ပွဲမှာ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အတ္တလန်တာကို တော့ သရေကစားနိုင်ခဲ့တယ်။ ကွန်တီနဲ့ နာပိုလီအသင်းကို ကြည့်ရင်လည်း လက်ရှိအချိန်က ချန်ပီယံဆုအတွက် အရမ်း အရေးကြီးနေတာပါ။ ဒါ့အပြင် တွမ်မီနေး၊ လူကာကူတို့ ပုံစံကောင်းပြနေကြတာကလည်း နာပိုလီအတွက် အားရစရာပါပဲ။ နာပိုလီ အနိုင်ကစားလိမ့်မယ်။


အင်တာမီလန် - ဗီရိုနာ (မြန်မာစံတော်ချိန် မေလ ၄ ရက် နံနက် ၁:၁၅ နာရီ)
အင်တာမီလန်က စီးရီးအေနောက်ဆုံး (၂)ပွဲဆက် ရှုံးခဲ့လို့ အဆင့် (၂)နေရာကို ဆင်းပေးခဲ့ရတယ်။ ဒါ့အပြင် ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ ကစားထားရတာကြောင့်လည်း အင်တာမီလန်အသင်း ပွဲပန်းနေနိုင်တယ်။ ဗီရိုနာကလည်း တိုက်စစ်အရမ်းညံ့ပြီး ကွင်းတွင်းကစားပုံကလည်း အားနည်းချက်တွေများပါတယ်။ ဒီပွဲတော့ အင်တာမီလန်အသင်း ဂိုးပြတ်ပေါက်ကွဲမယ်။

မူရင်းသတင်း — Eleven Media Group