Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၈:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ်က ထွက်လိုက်ရပြီးနောက် ဘွန်ဒစ်လီဂါမှာ ရလဒ်တွေ သိသိသာသာ ကောင်း လာတယ်။ ဘိုင်ယန်အဖို့ ဒီပွဲအနိုင်ကစားရုံနဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်တော့မှာဖြစ်တယ်။ လိုက်ပ်ဇစ်ကွင်းမှာ ဘိုင်ယန် အသင်း မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပြီး ၂၀၁၈ ခုနှစ်က တစ်ကြိမ်သာ အရေးနိမ့်ထားခဲ့တာပါ။ လိုက်ပ်ဇစ်အသင်းကတော့ ဖရန့်ဖတ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရတယ်။ လိုက်ပ်ဇစ်ရဲ့လက်ရှိခြေ စွမ်းကလည်း သိပ်အားရစရာ မရှိပါဘူး။ ဘိုင်ယန် အနိုင်ကစားဖို့များတယ်။


မိုချန်ဂလာဘတ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၈:၀၀ နာရီ)
လက်ရှိအနေအထားမှာ အိမ်ရှင် မိုချန်ဂလာဘတ်ထက် ဟော်ဖန်ဟင်မ်က အမှတ်ပိုလိုအပ်နေတယ်။ ဟော်ဖန်ဟင်မ် အမှတ်ရမှာပါ။


အူန်ယွန်းဘာလင် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၈:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်းက တန်းဆင်းအန္တရာယ်ကနေ လွတ်မြောက်ခဲ့ပြီ။ ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့ ၀ါဒါဘ ရီမင်ပဲ ကြိုက်တယ်။


ဆန့်ပေါ်လီ - စတုဂတ် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၈:၀၀ နာရီ)
စတုဂတ်အသင်း အမှတ်မလိုတော့တာက ဆန့်ပေါ်လီအတွက် အခွင့်အရေးပါပဲ။ ဒီပွဲနိုင်ရင် စိတ်အေးရပြီဖြစ်တဲ့ ဆန့်ပေါ် လီဘက်ကပဲ ရပ်တည်ချင်တယ်။


ဒေါ့မွန် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၁၁:၀၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်အသင်းတွေ ပွဲကျပ်တွေ့နေတာကို ဒေါ့မွန်အသင်း အမိအရ အသုံးချပါ လိမ့်မယ်။ ဝုလ်ဖ်ဘတ်အသင်း အမှတ်မလိုတော့လို့ ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်တယ်။

မူရင်းသတင်း — Eleven Media Group