
စထရာဘိုး - PSG (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၉:၃၀ နာရီ)
စထရာဘိုးက ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ အကောင်းဆုံးအနေအထားကို ရောက်နေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အထိ ပစ်မှတ်ထားနေပြီး ပွဲတိုင်းကိုလည်း အတော့်ကို အာရုံစိုက်ကစားနေတာ တွေ့ရတယ်။ PSG ကတော့ ချန်ပီယံဖြစ်ပြီးက တည်းက လီဂူးကို သိပ်ပြီး အာရုံမစိုက်တော့ဘူး။ ဒါ့အပြင် ဒီပွဲပြီးရင် အာဆင်နယ်နဲ့ ချန်ပီယံလိဂ်အရေးကြီး ဆီမီးဖိုင်နယ်က စားဖို့ရှိတာကြောင့် PSG အသင်း အရန်ကစားသမားအများစုနဲ့ပဲ ပွဲထွက်လာနိုင်တယ်။ အဝေးကွင်းလည်းဖြစ်လို့ PSG အသင်း အလွန်ဆုံးသရေလောက်ပဲ ရမယ်။ စထရာဘိုးကိုပဲ ကြိုက်တယ်။
တူးလူး - ရန်းစ် (မြန်မာစံတော်ချိန် မေလ ၃ ရက် ည ၁၁:၃၀ နာရီ)
တူးလူးက စိတ်ပျက်စရာကစားပုံနဲ့ လီဂူးနောက်ဆုံး (၇) ပွဲမှာ (၅)ပွဲအထိ ရှုံးခဲ့တယ်။ အဝေးကွင်းဖြစ်ပေမဲ့ ရန်းစ်သရေနဲ့ အနိုင်ပဲ။
စိန့်အက်တီယန် - မိုနာကို (မြန်မာစံတော်ချိန် မေလ ၄ ရက် နံနက် ၁:၃၅ နာရီ)
စိန့်အက်တီယန်က တန်းမဆင်းရဖို့ ရုန်းကန်နေပေမဲ့ ထင်သလောက်အလုပ်မဖြစ်သေးဘူး။ မိုနာကိုကလည်း အမှားခံလို့ မရတော့ဘူး။ မိုနာကို ကပ်နိုင်ဖို့များတယ်။