
ဘရန်ဖို့ဒ် - မန်ယူနိုက်တက် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၃၀ နာရီ)
ဘရန့်ဖို့ဒ်ရော၊ မန်ယူနိုက်တက်ပါ အမှတ်မလိုပါဘူး။ ဒါပေမဲ့ နှစ်သင်းစလုံး အမှတ်မလိုခြင်းက တစ်သင်းနဲ့ တစ်သင်း ထောက်ထားစရာမလိုဘဲ ခြေကုန်ထုတ်ကစားနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း စဉ်းစားရမယ်။ တစ်ခုရှိတာက မန်ယူနိုက်တက်က ပွဲပန်းထားနိုင်တယ်။ ပြီးတော့ အဓိကကစားးသမားအချို့ အနားပေးထားနိုင်တယ်။ ဘရန့်ဖို့ဒ်ရဲ့အိမ်ကွင်းကလည်း အားကောင်းပါတယ်။ ဘရန့်ဖို့ဒ်ကို ကြိုက်တယ်။
ဘရိုက်တန် - နယူးကာဆယ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၃၀ နာရီ)
ဘရိုက်တန်က အဆင့် (၉) နေရာမှာ ရှိနေပြီး ယူရိုပါလိဂ် သို့မဟုတ် ကွန်းဖရန့်လိဂ်ဝင်ခွင့်အတွက် မျှော်လင့်လိို့ရနေ သေးတယ်။ အဲဒီအချက်ကပဲ ဒီပွဲကို ရလဒ်ကောင်းအောင် အသည်းအသန်ကစားမယ်ဆိုတဲ့ အချက်ဖြစ်ပြီး နယူးကာဆယ်ကို ခက်ခဲစေမယ့် အချက်လည်း ဖြစ်တယ်။ နယူးကာဆယ်အတွက် အမှတ်လျော့လို့ မဖြစ်တဲ့ပွဲတွေကိုချည်း ကစားရမှာဖြစ်ပြီး ဒီပွဲကိုလည်း အပြည့်အဝအာရုံစိုက်ကစားလိမ့်မယ်။ ဒါပေမဲ့ ဘရိုက်တန်ကို ကြိုက်တယ်။
ဝက်စ်ဟမ်း - စပါး (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၃၀ နာရီ)
စပါးအတွက် ဘာက အရေးကြီးသလဲဆိုတာ အားလုံးသိပါတယ်။ ဂရေဟမ်ပေါ်တာကတော့ အသင်းမှာ ကစားသမား ကောင်းတွေရှိပါလျက်နဲ့ ထင်သလောက် တိုးတက်လာခြင်းမရှိသေးလို့ ဝေဖန်ခံနေရပြီး နိုင်ပွဲဆာလောင်နေသူပါ။ ဝက်စ်ဟမ်းကိုပဲ ကြိုက်တယ်။
ချယ်လ်ဆီး - လီဗာပူးလ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၀:၀၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေတဲ့အသင်းတွေက အမှတ်တွေလည်း သိပ်မကွာကြတာကြောင့် ပွဲတစ်ပွဲအပြီးမှာ ရပ်တည်မှုက အပေါ်လည်း တက်သွားနိုင်သလို၊ အောက်ကိုလည်း ဆင်းသွားနိုင်တယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ချယ်လ်ဆီးရဲ့လက်ရှိခြေစွမ်းက လီဗာပူးလ်ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့အနေအထားပါ။ ဒါပေမဲ့ ချယ်လ်ဆီး ကံကောင်းသွားတာက ဒီပွဲက လီဗာပူးလ်အသင်း အမှတ်မလိုတော့ခြင်းဖြစ်တယ်။ အခြားတစ်ဖက်မှာလည်း ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးပွဲကို လီဗာပူးလ်အသင်း အားမထည့်ဘဲ ကစားပါမလားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။ အဓိက ကစားသမားအချို့ကိုတော့ အာနယ်ဆလော့ အနားပေးထားနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ လီဗာပူးလ် ဘယ်လိုအသင်းနဲ့ ပွဲထွက်လာလာ ချယ်လ်ဆီးရဲ့လက်ရှိခြေစွမ်းနဲ့ကတော့ ခက်ခဲနေဦးမှာပဲ။ ချယ်လ်ဆီး ကံကောင်းတာက အဓိက ကစားသမားအချို့ပြန်လည်စုံလင်လာတာဖြစ်ပြီး အနိုင်ရဖို့ အသည်းအသန်ရုန်းကန်လိမ့်မယ်။ ဒါပေမဲ့ လီဗာပူးလ်ပဲ ကြိုက်တယ်။