Eleven Media Group

■ လာလီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

ရီးယဲလ်မက်ဒရစ် - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် မေလ ၄ ရက် ညနေ ၆:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ လက်ကျန် (၅) ပွဲစလုံး အနိုင်ရအောင် ကစားရတော့မယ့် တာဝန်တစ်ခုပဲ ရှိတော့တယ်။ ဒါကြောင့် အိမ်ကွင်းမှာ ဆယ်လ်တာကို အနိုင်မရ၊ ရအောင် ကစားယူလိမ့်မယ်။ ဒါပေမဲ့ ဆယ်လ်တာကလည်း ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ အသင်းပီပီ ရီးယဲလ်ဆီက အမှတ်ပြန်ယူနိုင်အောင် ကြိုးစားလာနိုင်တယ်။ ဆယ်လ်တာရဲ့ ခြေစွမ်းကလည်း အညံ့ကြီးမဟုတ်တဲ့အပြင် အဝေးကွင်းကစားပုံလည်း မဆိုးလှလို့ ရီးယဲလ် သတိထားရမယ်။ ဒါပေမဲ့ အစဉ်အလာအရတော့ ရီးယဲလ်ကို ဆယ်လ်တာ မယှဉ်နိုင်တာ အားနည်းမှုဖြစ်တယ်။ ရီးယဲလ်နဲ့ ဂိုးအများပဲ ကောင်းမယ်။


ဆီဗီလာ - လီဟာနက်စ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၄၅ နာရီ)
နည်းပြအပြောင်းအလဲကြားမှာ ဆီဗီလာ သိပ်မငြိမ်သေးဘူး။ အသင်းကလည်း တန်းဆင်းဇုန်အန္တရာယ်ကင်းဖို့ အမှတ်ရှာ ရဦးမယ်။ လီဟာနက်စ်က တန်းဆင်းဇုန်ကလွတ်ဖို့ ရုန်းနေလို့ ဆီဗီလာ အနိုင်ရဖို့ခက်မယ်။ သရေကျမယ်။ ဂိုးနည်းမယ်။


အက်စ်ပန်ညို - ဘက်တစ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၁:၀၀ နာရီ)
ဘက်တစ်က ဥရောပပွဲတွေဘက် အာရုံစိုက်ထားလိမ့်မယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နိုင်လို့ အက်စ်ပန်ညိုကို အတတ်နိုင်ဆုံး ထိန်းကစားလိမ့်မယ်။ အက်စ်ပန်ညိုက အိမ်ကွင်းမာလို့ ဘက်တစ် အတော်လေးထိန်းကစားရမယ့်ပုံ ပေါ်နေတယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲ ကောင်းမယ်ထင်တယ်။


ဆိုစီဒက် - ဘီလ်ဘာအို (မြန်မာစံတော်ချိန် မေလ ၅ ရက် နံနက် ၁:၃၀ နာရီ)
ဘီလ်ဘာအိုကတော့ ယူရိုပါလိဂ်ဘက်ပဲ အာရုံအပြည့်စိုက်ထားလိမ့်မယ်။ ဒါကြောင့် ဆိုစီဒက်ကွင်းမှာ အင်အားချွေတာ ပြီး ထိန်းကစားဖို့ပဲ များတယ်။ ဆိုစီဒက်ကတော့ နိုင်ပွဲပျောက်နေမှုကို အဆုံးသတ်ပြရမယ့်အချိန်မျိုးဖြစ်နေတယ်။ ဒါကြောင့် ဒီတစ်ပွဲတော့ အိမ်ကွင်းမှာ အတိမ်းအစောင်းခံမယ် မထင်ဘူး။ အိမ်ရှင် ဆိုစီဒက်နဲ့ ဂိုးအနည်းကိုပဲ ရွေးထားရမယ့် ပွဲလို ဖြစ်နေတယ်။

မူရင်းသတင်း — Eleven Media Group