
အမ်ပိုလီ - လာဇီယို (မြန်မာစံတော်ချိန် မေလ ၄ ရက် ညနေ ၅:၀၀ နာရီ)
အမ်ပိုလီက တန်းဆင်းဇုန်က ရုန်းထွက်ဖို့ကြိုးစားနေပြီး နောက်ဆုံးပွဲမှာလည်း ဖီအိုရင်တီးနားကို ရှုံးခဲ့ပေမဲ့ ခြေစွမ်းမညံ့ခဲ့ ဘူး။ လာဇီယိုက ဥရောပဝင်ခွင့်ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပေမဲ့ အမ်ပိုလီကို ကြိုက်တယ်။
မွန်ဇာ - အတ္တလန်တာ (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၃၀ နာရီ)
မွန်ဇာက စိတ်ပျက်စရာပုံစံနဲ့အတူ ဒီရာသီစီးရီးအေရဲ့ ပထမဆုံးတန်းဆင်းရမယ့်အသင်းဖြစ်တယ်။ အတ္တလန်တာက နောက်ဆုံးပွဲမှာ လက်ချီကို သရေပဲကစားနိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်မချရသေးဘူး။ အတ္တလန်တာ ဂိုးပြတ်နိုင်ဖို့ တောင်ရှိတယ်။
ရိုးမား - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၀:၃၀ နာရီ)
ရိုးမားက အထင်ကြီးစရာခြေစွမ်းကို ပြနေပြီး နောက်ဆုံးပွဲမှာလည်း အင်တာမီလန်လို လက်ရှိချန်ပီယံကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ တိုက်စစ်ကစားပုံကောင်းသလို၊ ကျစ်လျစ်တဲ့ခံစစ်ကိုလည်း သူတို့ဆီမှာ မြင်ရတယ်။ ဖီအိုရင်တီးနားကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် မျှော်လင့်လို့ရတဲ့ အသင်းလို့ ဆိုရမယ်။ နိုင်သင့်တဲ့ပွဲအတော်များများကိုလည်း အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ရိုးမားကွင်းမှာတော့ ဖီအိုရင်တီးနားအတွက် လွယ်ကူမှာ မဟုတ်ဘူး။ ရိုးမားအသင်း (၂-၁)လောက်နဲ့ နိုင်လိမ့်မယ်။
ဘိုလော့ဂ်နာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် မေလ ၅ ရက် နံနက် ၁:၁၅ နာရီ)
ဘိုလော့ဂ်နာရဲ့ အိမ်ကွင်းခြေစွမ်းနဲ့ ရလဒ်ပိုင်းက အတော့်ကို အထင်ကြီးစရာကောင်းတယ်။ သွင်းဂိုးတွေလည်း မြူးလေ့ ရှိတယ်။ အင်တာမီလန်၊ အေစီမီလန်၊ နာပိုလီတို့လို ထိပ်သီးတွေကို အိမ်ကွင်းမှာ ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တယ်။ ဂျူဗင်တပ်စ်ကတော့ မော့တာမရှိတော့ပေမဲ့လည်း တည်ငြိမ်မှုကင်းမဲ့နေတုန်းပဲ။ အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေဖြစ်ပြီး စီးရီးအေအဝေးကွင်းနောက်ဆုံး (၈)ပွဲမှာ (၂)ပွဲပဲ နိုင်ခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်ကြရမယ့် အခုပွဲမှာ အိမ်ရှင် ဘိုလော့ဂ်နာကိုပဲ ကြိုက်တယ်။