
အော့စ်ဘတ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၀၀ နာရီ)
အော့စ်ဘတ်အသင်း ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတာကို ထည့်တွက်ရမယ်ထင်တယ်။ အော့စ်ဘတ် အနိုင်ကစား ဖို့များတယ်။
ဖရိုင်းဘတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၀:၀၀ နာရီ)
လေဗာကူဆင်အသင်းအဖို့ ချန်ပီယံမျှော်လင့်ချက်က ကုန်သလောက် ဖြစ်နေပြီ။ ဒါပေမဲ့ ဘွန်ဒစ်လီဂါ (၆)ပွဲဆက် ရှုံးပွဲမရှိ ကစားထားနိုင်တုန်းပါပဲ။ ဖရိုင်းဘတ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနိုင်ရမှဖြစ်မယ့် အနေအထားပါ။ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ကစားထားလို့လည်း ဖရိုင်းဘတ်အသင်း စိတ်ဓာတ်တက်ကြွနေတယ်။ ဖရိုင်းဘတ်အသင်း အမှတ်ရနိုင်တယ်။
မိန့်ဇ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၂:၀၀ နာရီ)
မိန့်ဇ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ရှိနေသေးပေမဲ့ အခွင့်အလမ်းတော့နည်းပါတယ်။ ဖရန့်ဖတ်ကလည်း အ ဝေးကွင်း နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့တယ်။ ဖရန့်ဖတ် အမှတ်ရလိမ့်မယ်။