Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

နန့်စ် - အန်ဂါစ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၃၀ နာရီ)
နန့်စ်က အိမ်ကွင်းနောက်ဆုံး (၂) ပွဲဆက် သရေကျခဲ့တယ်။ အန်ဂါစ်ကတော့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာပါ။ သရေကျဖို့ များတယ်။


လိုင်ယွန် - လန်းစ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၉:၄၅ နာရီ)
လိုင်ယွန်က နောက်ဆုံးပွဲမှာ ဂိုးပြတ်ပေါက်ကွဲပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှင်သန်ခဲ့တယ်။ လန်းစ်က အသင်း ကောင်းဆိုပေမဲ့ လိုင်ယွန် အနိုင်သေချာတယ်။


ဘရက်စ် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၉:၄၅ နာရီ)
ဘရက်စ်က နောက်ဆုံး (၂)ပွဲဆက် ရှုံံးခဲ့ပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ တန်းဆင်းခဲ့ပြီဖြစ်တဲ့ မောင့်ပယ်လီယာကိုတော့ အနိုင်ကစားလိမ့်မယ်။


အော်ဇေး - လူအယ်ဗာ (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၉:၄၅ နာရီ)
အော်ဇေးက နောက်ဆုံးပွဲမှာ လန်းစ်ကို အံ့အားသင့်ဖွယ် ဂိုးပြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ တန်းမဆင်းရဖို့ ကြိုးစားရ မယ့် လူအယ်ဗာကို ကြိုက်တယ်။


လိုင်လီ - မာဆေးလ် (မြန်မာစံတော်ချိန် မေလ ၅ ရက် နံနက် ၁:၁၅ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ ပွဲဖြစ်တယ်။ လိုင်လီက လီဂူးအိမ်ကွင်း (၄)ပွဲဆက် အနိုင်ကစားထားတယ်။ မာဆေးလ်က အဝေးကွင်းနောက်ပိုင်းပွဲတွေမှာ သိသိသာသာ ကျဆင်းလာတယ်။ လိုင်လီ သရေနဲ့ အနိုင်ပဲ။

မူရင်းသတင်း — Eleven Media Group