
အမေရိကန် ဂန္ထဝင်ဘတ်စကက်ဘောကစားသမား လီဘရွန်ဂျိမ်းစ်က လာမည့်ရာသီတွင် အနားမယူသေးဘဲ ဆက်ကစားရန် မဆုံးဖြတ်ရသေးကြောင်း ဝန်ခံပြောကြား သည်။
အသက် ၄၀ ရှိပြီဖြစ်သူ ဂျိမ်းစ်က LA Lakers အသင်း Play-offs ပထမအဆင့်မှ ထွက်ခဲ့ရပြီးနောက် ယခုလိုပြောကြားခြင်းဖြစ်သည်။
LA Lakers အသင်းသည် Play-offs ပထမအဆင့်အဖြစ် မင်နီဆိုတာတင်ဘာ ဝုလ်ဗ်အသင်းအား (၁-၄) ပွဲဖြင့် ရှုံးနိမ့်ပြီး လက်ကျန်နှစ်ပွဲအလိုမှာပင် ထွက်ခဲ့ရပြီဖြစ်သည်။
ဂျိမ်းစ်၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသေးပြီး အနာဂတ်ကို ကြားကာလတွင် ဆုံးဖြတ်မည်ဖြစ်သည်။
"ကျွန်တော် မသိသေးပါဘူး။ အဲဒီမေးခွန်းအတွက် ကျွန်တော့်မှာ အဖြေမရှိပါဘူး။ အဲဒါက ကျွန်တော့်မိသားစု၊ ကျွန်တော့်ဇနီး၊ ကျွန်တော့်ရဲ့ အားပေးသူအဖွဲ့တွေနဲ့ အတူ ထိုင်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ ဆွေးနွေးပြီးတော့ စောင့်ကြည့်ရမှာပါ။ ပြီးတော့ ကျွန်တော် အချိန်ဘယ်လောက်ကြာကြာ ဆက်ပြီးကစားချင်လဲဆိုတာ ကိုယ့်ဘာသာပြောကြည့်ရပါဦးမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခု လောလောဆယ် ကျွန်တော့်မှာ အဖြေမရှိသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့စောင့် ကြည့်ကြတာပေါ့"ဟု ၎င်းက ပြောကြားသည်။
ဂျိမ်းစ်သည် ၂၀၀၃ ခုနှစ်တွင် ကလိဗ် လန်းကာဗယ်လိုင်ယာအသင်းနှင့် ကစားသမားဘဝ စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် မိုင်ယာမီဟိသ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ အသင်းဟောင်း ကလိဗ်လန်း၌ တစ်ကျော့ပြန်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Play-offs အသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
၎င်းသည် NBA ချန်ပီယံဆု လေးကြိမ် (၂၀၁၂၊ ၂၀၁၃၊ ၂၀၁၆၊ ၂၀၂၀) နှင့် MVP ဆု လေးကြိမ်ရရှိ ထားသည်။