တွမ်မီနေးက ပွဲဦးထွက်ရာသီမှာပဲ နာပိုလီအသင်းနဲ့အတူ စီးရီးအေချန်ပီယံဆု ရယူနိုင်ဖို့ နီးစပ်နေတာကြောင့် အီတလီက သူ့ရဲ့အောင်မြေလိုဖြစ်နေပေမဲ့ ပျော်စရာတွေနဲ့ပဲ ရင်ဆိုင်နေရတာတော့ မဟုတ်ပါဘူး။ ချစ်သူအပေါ် ယုံမိခဲ့တာကြောင့် ပေါင် (၂)သန်းကျော် ဆုံးရှုံးရမယ့်အရေးနဲ့လည်း ရင်ဆိုင်နေရပါတယ်။

မန်ယူအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ စကော့တလန်လက်ရွေးစင် တွမ်မီနေးဟာ မန်ယူအသင်းအတွက် ပွဲပေါင်း(၂၅၅)ပွဲကစားပြီး FA ဖလားနဲ့ လိဂ်ဖလားတစ်လုံးစီရယူအပြီးမှာ နာပိုလီအသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိအချိန်မှာ နာပိုလီအသင်းရဲ့ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် သူ့နာမည် နဲ့ ကျောနံပါတ်ကို တက်တူးထိုးတဲ့ ပရိသတ်တွေ ရှိနေပါပြီ။ အဲဒီလိုအခြေအနေမှာပဲ သူ ပေါင်(၂.၃)သန်း ဆုံးရှုံးတော့မယ်ဆိုတဲ့ သတင်းထွက်လာတာပါ။ တွမ်မီနေးက ကမ်မရွန်းရက်ဒင်းဆိုတဲ့ ဗြိတိန်သူလေးနဲ့ ချစ်ကြိုက်နေပြီး ရက်ဒင်းမိသားစုက ကမ္ဘာအနှံ့အပြားမှာ တန်ဖိုးကြီးနေအိမ်အဆောက် အဦတွေ၊ မြေယာတွေ အရောင်းအဝယ်လုပ်ပါတယ်။ တွမ်မီနေးက ချစ်သူရဲ့ ကုမ္ပဏီမှာ ပေါင်(၁.၃၂)သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး ပေါင်(၁)သန်း ထုတ်ချေးခဲ့ပါတယ်။ အခုတော့ အဲဒီကုမ္ပဏီပျက်သွားခဲ့ပါပြီ။ ကြွေးရှင် (၂၀၀)ကျော်ဆီက ယူထားတဲ့ အကြွေးငွေ ပေါင်သန်း(၂၀)ဝန်းကျင်ကို ပြန်မဆပ်နိုင်တာကြောင့် ရက်ဒင်းမိသားစုလည်း လူလိမ်တွေအဖြစ် စွဲချက်တင်ခံနေရပါပြီ။ တွမ်မီနေးယုံမိမှားခဲ့တဲ့ အဖြစ်လေလား။ ဒုက္ခရောက်နေတဲ့ ချစ်သူအတွက် နောက်ထပ်ဘာတွေ ရင်ဆိုင်ဖြေရှင်းပေးရဦးမလဲ။ တကယ်ချစ်တဲ့ ချစ်သူဆိုရင်တော့ တွမ်မီနေးအနေနဲ့ ပြေးထွက်ချန်ထားရက်မယ် မထင်ပါဘူး။