Eleven Media Group

ပရီးမီးယားလိဂ်၊ စီးရီးအေ နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

ခရစ္စတယ်ပဲလေ့စ် နှင့် နော်တင်ဟမ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က အမှတ်မလိုတဲ့အသင်းဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာလည်း ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းက နည်းနည်းကျဆင်းလာတယ်။ FA ဖလား ဗိုလ်လုပွဲကို တက်သွားပြီဖြစ်လို့ အဓိက ကစားသမားတချို့ ဒဏ်ရာမရအောင်လည်း Squad Management လုပ်ကောင်းလုပ်နိုင်တယ်။ နော်တင်ဟမ်ကတော့ မဖြစ်မနေ ၃ မှတ်ရဖို့ပဲ ကြိုးစားရမယ့် အခြေအနေပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ တမင်ရည်ရွယ်ပြီး အမှတ်ပေးတယ်ဆိုတာမရှိပါဘူး။ သရေကျနိုင်တယ်။

ဂျီနိုအာ နှင့် အေစီမီလန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဂျီနိုအာက တန်းဆင်းအန္တရာယ်မရှိသလို၊ ဘာမျှော်လင့်ချက်မှလည်း မရှိတော့ပါဘူး။ အေစီမီလန်ကလည်း လိဂ်ပြိုင်ပွဲကို သိပ်ပြီး အာရုံစိုက်တဲ့ အနေအထားမရှိဘူး။ စီးရီးအေနောက်ဆုံးပွဲမှာ အေစီမီလန်အသင်းအနေနဲ့ ဗင်နီဇီယာကို နိုင်ခဲ့ပေမဲ့ ဒီပွဲတော့ သရေလောက်ပဲ ရလိမ့်မယ်။

ဂျီရိုနာ နှင့် မာယော့ကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

တန်းဆင်းအန္တရာယ်နားကပ်လာတဲ့ ဂျီရိုနာ အိမ်ကွင်းမှာ အမှတ်ရှာနိုင်မှ ဖြစ်တော့မယ်။ မာယော့ကာကလည်း တည်ငြိမ်နေလို့ ဂျီရိုနာ အမှတ်ရဖို့ အတော်လေးခက်ခဲမှာတော့ သေချာတယ်။ မာယော့ကာနဲ့ ဂိုးအနည်းပဲ ကြိုက်နေမိတယ်။

မူရင်းသတင်း — Eleven Media Group