
ပြီးခဲ့တဲ့လတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ ဒေးဗစ်ဘက်ခမ်က သူ့ရဲ့ နှစ်(၅၀)ပြည့် ရွှေရတုမွေးနေ့အတွက် မွေးနေ့ပါတီပွဲတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပြုလုပ်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်ရဲ့ မွေးနေ့မွေးရက် အစစ်အမှန်ကတော့ မေလ(၂)ရက်နေ့ပါ။ သူက ၁၉၇၅ ခုနှစ်၊ မေလ(၂) ရက်နေ့မှာ မွေးဖွားခဲ့တာပါ။
ပြီးခဲ့တဲ့လတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ ဒေးဗစ်ဘက်ခမ်က သူ့ရဲ့ နှစ်(၅၀)ပြည့် ရွှေရတုမွေးနေ့အတွက် မွေးနေ့ပါတီပွဲတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပြုလုပ်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်ရဲ့ မွေးနေ့မွေးရက် အစစ်အမှန်ကတော့ မေလ(၂)ရက်နေ့ပါ။ သူက ၁၉၇၅ ခုနှစ်၊ မေလ(၂) ရက်နေ့မှာ မွေးဖွားခဲ့တာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လ(၃၁)ရက်နေ့မှာကတည်းက အင်တာမိုင်ယာမီအသင်းက မက်ဆီ၊ ဆွာရက်ဇ်တို့လို မိတ်ဆွေတွေနဲ့အတူ မိုင်ယာမီမှာ မွေးနေ့ပါတီပွဲ စလုပ်ခဲ့ပါတယ်။ ဧည့်သည်တော် (၁၀၀)သာ အကန့်အသတ်နဲ့ ဖိတ်ကြားပြီး ပြုလုပ်ခဲ့တဲ့ အဲဒီမွေးနေ့ပါတီပွဲမှာ ဒေးဗစ်ဘက်ခမ်ရဲ့ ဇနီးသည် ဗစ်တိုးရီးယားနဲ့အတူ သားသမီးတွေ၊ သူတို့ရဲ့ ချစ်သူတွေလည်း တက်ရောက်ခဲ့ကြပေမဲ့ အကြီးဆုံးသား ဘရွတ်ကလင်းနဲ့ သူ့ရဲ့ဇနီး နီကိုလာပက်ဇ်တို့တော့ ပျက်ကွက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူတို့ဇနီးမောင်နှံရဲ့ ပျက်ကွက်မှုဟာ အားလပ်ရက်အပန်းဖြေခရီးသွားပြီး အလည်လွန်နေတာကြောင့်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒေးဗစ်ဘက်ခမ်နဲ့ ဗစ်တိုးရီးယားတို့က ၁၉၉၉ မှာ လက်ထပ်ခဲ့ကြပြီး သားသမီး(၄)ဦး ထွန်းကားခဲ့ပါတယ်။ အကြီးဆုံးသား ဘရွတ်ကလင်းက အသက်(၂၆)နှစ်ရှိပါပြီ။ ဒုတိယသား ရိုမီယိုက (၂၂)နှစ်၊ တတိယသား ခရုဇ်က (၂၀)နှစ်၊ အငယ်ဆုံးသမီး ဟာပါက (၁၃)နှစ်ရှိပါပြီ။
မော်ဒယ်တွေ၊ သရုပ်ဆောင်တွေ၊ အဆိုတော်တွေနဲ့ တစ်ယောက်ပြီးတစ်ယောက်တွဲခဲ့တဲ့ ဘရွတ်ကလင်းက ၂၀၂၀ မှာ အမေရိကန်သရုပ်ဆောင်မင်းသမီး နီကိုလာပက်ဇ်နဲ့ စတွဲခဲ့ပြီး ၂၀၂၂ မှာ လက်ထပ်ခဲ့ပါတယ်။ ရိုမီယိုနဲ့ ခရုဇ်ကလည်း ချစ်သူကိုယ်စီနဲ့ပါပဲ။ ရိုမီယိုရဲ့ ချစ်သူက DJ လည်းတီး၊ မော်ဒယ်လည်းလုပ်ပြီး ကင်မ်တန်ဘူးလ်လို့ အမည်ရပါတယ်။ ခရုဇ်ရဲ့ ချစ်သူကတော့ အဆိုတော် မော်ဒယ်ဖြစ်ပြီး ဂျက်ကီအပိုစတယ်လို့ အမည်ရပါတယ်။ ပြဿနာက ရိုမီယိုရဲ့ချစ်သူ ကင်မ်တန်ဘူးလ်ဟာ ဘရွတ်ကလင်း ဆယ်ကျော်သက်အရွယ်တုန်းက ဘာလိုလိုလို့ သတင်းထွက်ခဲ့ဖူးသူ ဖြစ်နေခြင်းပါပဲ။ ဒါကြောင့် ကင်မ်တန်ဘူးလ်ရဲ့ ရွေးချယ်မှုကို ဘရွတ်ကလင်းက ဝေဖန်ပြစ်တင်ရာကနေ ညီအစ်ကိုကြား ကတောက်ကဆဖြစ်ခဲ့ကြပြီး လက်ရှိအချိန်မှာ စကားမပြောကြဘူးလို့လည်း သတင်းထွက်လာပါတယ်။ ဒီလိုနဲ့ပဲ ဘရွတ်ကလင်းနဲ့ နီကိုလာတို့ ဇနီးမောင်နှံက ကင်မ်တန်ဘူးလ် ရှိနေတဲ့ မိသားစုအခမ်းအနားတွေကို တက်ရောက်ခြင်းမပြုဖို့ ဆုံးဖြတ်ထားတာကြောင့် မွေးနေ့ပါတီပွဲကို ပျက်ကွက်ခဲ့တာလို့လည်း ဆိုပါတယ်။
ဘရွတ်ကလင်း ပျက်ကွက်ခဲ့တာက မိုင်ယာမီပါတီပွဲ တစ်ခုတည်းတင် မဟုတ်ပါဘူး။ မေ(၂)ရက်နေ့က လန်ဒန်မှာ ပြုလုပ်တဲ့ မွေးနေ့ပါတီပွဲကိုလည်း မလာခဲ့ပါဘူး။ အဲဒီမတိုင်ခင် ပြင်သစ်မှာ လုပ်တဲ့ပွဲကိုလည်း မရောက်ရှိခဲ့ပါဘူး။ ဒါတင်မကသေးပါဘူး။ မေ(၂)ရက်နေ့မှာ ဘရွတ်ကလင်းက မွေးနေ့ဆု တောင်းစကားဆိုဖို့တောင် ပျက်ကွက်ခဲ့တာကြောင့် ဒေးဗစ်ဘက်ခမ်နဲ့ ဗစ်တိုးရီးယားတို့ စိတ်မကောင်း ဖြစ်ခဲ့ကြရတယ်လို့လည်း သူတို့မိသားစုနဲ့ နီးစပ်သူ တွေက ဖွင့်ဟခဲ့ကြပါတယ်။ မေ(၂)ရက်ပွဲက အဘိုး အဘွားတွေနဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေ စုံလင်တဲ့ပွဲ ဖြစ်တာကြောင့် ဘရွတ်ကလင်းရဲ့ ပျက်ကွက်မှုက ပြောစရာပိုဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ တကယ်ပဲ ကင်မ်တန်ဘူးလ်က ဒေးဗစ်ဘက်ခမ်တို့ရဲ့ မိသားစုကို သွေးကွဲစေခဲ့တာလား၊ တခြားအကြောင်း အရာတွေရှိနေသေးလားဆိုတာတော့ မသိနိုင်သေးပါဘူး။ ဒေးဗစ်ဘက်ခမ်အတွက် ရွှေရတုမွေးနေ့ပွဲက ပျော်ရွှင်ကြည်နူးစရာအပြည့် မဖြစ်နိုင်ခဲ့တာတော့ အမှန်ပါပဲ။