Myanmar Transparency News

ကားကြမ်းခင်း ဝရိန်ဆော်ရာမှ ကားမီးလောင်မှု အရှေ့ဒဂုံတွင် ဖြစ်ပွား

၇.၅.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၃)ရပ်ကွက်၊ ပင်းယ( ၃)လမ်းတွင် မေလ ၆ ရက် ညနေ ၅ နာရီ ၅၀ ခန့်က ကားကြမ်းခင်းကို ဝရိန်ဆော်ရာမှ မော်တော်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

Toyota Succeed အမျိုးအစား မီးခိုးရောင်မော်တော်ယာဥ်၏ ကြမ်းခင်းကို ဝရိန်ဆော်ရာမှ အပူလွန်ကဲကာ ကြမ်းခင်းအောက်ရှိ ဓာတ်ဆီပိုက်ကို မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၆ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ကူရှင်၊ ဒက်ရှ်ဘုတ်၊ ကြမ်းခင်းပလပ်စတစ်၊ ကားအနောက်ဘန်ဘာ၊ကားတံခါးအတွင်းနံရံတို့ မီးလာင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ ရေသယ်ယာဥ် တစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ကြရသည်။

ကိုယ်ပိုင်ယာဥ်မီးလောင်မှုကြောင့် အသက် ၄၀ အရွယ် ဝရိန်လုပ်သား အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News