Myanmar Transparency News

KTVနှင့်တည်းခိုခန်း ဖွင့်ထားသည့် တည်းခိုခန်းအတွင်း အမျိုးသားတစ်ဦး သေဆုံးမှု ယနေ့ ဖြစ်ပွား

၁၄.၅.၂၀၂၅

Written By Zun

KTVနှင့်တည်းခိုခန်း ဖွင့်ထားသည့် တည်းခိုခန်းအတွင်း အမျိုးသားတစ်ဦး သေဆုံးမှု ယနေ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မေလ ၁၄ ရက် နံနက်က ရန်ကုန်တိုင်းတိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်း၂၃၊ ရွှေလင်ဗန်းရှိ မော်ဒန် KTVနှင့်တည်းခိုခန်း ဖွင့်လစ်ထားသည့် တည်းခိုခန်းအတွင်း အမျိုးသားတစ်ဦး သေဆုံးလျက် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ လှိုင်သာယာမြို့နယ်အမှတ် ၁ ရပ်ကွတ်၊ မြေတိုင်း ၁၂၊ မဟောသဓလမ်း၌နေထိုင်သူ သက်လတ်ပိုင်းအရွယ် မောင်ရန်မျိုးအောင် ဖြစ်ကြောင်းသိရသည်။

ယင်း၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးမှုမှတ်တမ်းရယူပြီး လှိုင်သာယာပြည့်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအဖွဲ့ယာဉ်ဖြင့် ပို့ဆောင်ထားကြောင်းသိရသည်။

“အခုသေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေတဲ့ကာလပဲရှိပါသေးတယ်။ သေဆုံမှုဟာ ပယောဂကြောင့်လား၊ ရိုးရိုးလားဆိုတာ စစ်ဆေးနေဆဲပါ”ဟု ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးက MT News ကိုပြောသည်။

Photo -TP

မူရင်းသတင်း — Myanmar Transparency News