
ရီးယဲလ်ရဲ့အနာဂတ်အသစ်ကို အလွန်ဆို စီမံခွင့်ရပါပြီ။ လေဗာကူဆင်မှာ သူလင်းခဲ့သလိုမျိုး ရီးယဲလ်ကို ထပ်ပြီးလင်းစေနိုင်မလား ပရိသတ်တွေ ရင်ခုန်နေပါပြီ။ ကစားသမားဘဝမှာ မမေ့နိုင်စရာကောင်းခဲ့သူ အလွန်ဆိုက နည်းပြဘဝမှာလည်း အိပ်မက်လှလှမက်နေသူပါ။ လေဗာကူဆင်နဲ့အတူ ပထမဆုံးရာသီမှာ အလွန်ဆိုက ချန်ပီယံဆုဖလားတွေနဲ့ အခမ်းနားဆုံး ဖြစ်ခဲ့တယ်။ သူ့ကို အသင်းဟောင်း လီဗာပူးလ်က စိတ်ဝင်စားပေမဲ့ ငြင်းဆန်ပြီး လေဗာကူဆင်နဲ့အတူ တစ်ရာသီကြာ ဆက်လက်တိုက်ပွဲဝင်ခဲ့တာပါ။ ရီးယဲလ်နဲ့အန်ဆယ်လော့တီကြား အက်ကြောင်းထင်လာပြီးနောက် အလွန်ဆိုက ရီးယဲလ်ရဲ့ The Best Choice ဖြစ်လာခဲ့တယ်။ အလွန်ဆိုကိုယ်တိုင်လည်း ယာဂန်ကလော့ပ်ခေတ်လွန် လီဗာပူးလ်ကို တာဝန်မယူရဲပေမဲ့ ကြယ်စင်စု ရီးယဲလ်ကို မငြင်းပယ်နိုင်ခဲ့ဘူး။
ရီးယဲလ်ရဲ့အနာဂတ်အသစ်ကို အလွန်ဆို စီမံခွင့်ရပါပြီ။ လေဗာကူဆင်မှာ သူလင်းခဲ့သလိုမျိုး ရီးယဲလ်ကို ထပ်ပြီးလင်းစေနိုင်မလား ပရိသတ်တွေ ရင်ခုန်နေပါပြီ။ ကစားသမားဘဝမှာ မမေ့နိုင်စရာကောင်းခဲ့သူ အလွန်ဆိုက နည်းပြဘဝမှာလည်း အိပ်မက်လှလှမက်နေသူပါ။ လေဗာကူဆင်နဲ့အတူ ပထမဆုံးရာသီမှာ အလွန်ဆိုက ချန်ပီယံဆုဖလားတွေနဲ့ အခမ်းနားဆုံး ဖြစ်ခဲ့တယ်။ သူ့ကို အသင်းဟောင်း လီဗာပူးလ်က စိတ်ဝင်စားပေမဲ့ ငြင်းဆန်ပြီး လေဗာကူဆင်နဲ့အတူ တစ်ရာသီကြာ ဆက်လက်တိုက်ပွဲဝင်ခဲ့တာပါ။ ရီးယဲလ်နဲ့အန်ဆယ်လော့တီကြား အက်ကြောင်းထင်လာပြီးနောက် အလွန်ဆိုက ရီးယဲလ်ရဲ့ The Best Choice ဖြစ်လာခဲ့တယ်။ အလွန်ဆိုကိုယ်တိုင်လည်း ယာဂန်ကလော့ပ်ခေတ်လွန် လီဗာပူးလ်ကို တာဝန်မယူရဲပေမဲ့ ကြယ်စင်စု ရီးယဲလ်ကို မငြင်းပယ်နိုင်ခဲ့ဘူး။
ရီးယဲလ်မှာ အလွန်ဆို ပထမဆုံးဖြေဆိုရမယ့်စာမေးပွဲက အသွင်သစ် ဖီဖာကလပ်ကမ္ဘာ့ဖလား ဖြစ်လာပါတယ်။ ရီးယဲလ်က ပြိုင်ပွဲမှာ အလွန်ဆိုကို ဦးစီးစေချင်နေတယ်။ အလွန်ဆိုနဲ့ရီးယဲလ်ခေတ် သစ်ကို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ချင်နေတာပါ။ ရီးယဲလ်က ဇွန်လ(၁၈)ရက်မှာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ အုပ်စုအဖွင့်ပွဲကစားရမှာဖြစ်ပါတယ်။
အလွန်ဆိုက "တည်ငြိမ်တဲ့ လှုပ်ရှားမှု"နဲ့ "အရှိန်အဟုန်ပြင်းလှုပ်ရှားမှု" ပေါင်းစပ်ပြီး အဆုံး သတ်ချိန်မှာ သွေးအေးရက်စက်တဲ့ ဟန်မျိုးနဲ့ လေဗာကူဆင်ကို တည်ဆောက်ခဲ့ပါတယ်။ လေဗာကူဆင်ရဲ့ Pressing Style က ပြင်းထန်ပြီး ဖျော်ဖြေရေးဆန်ပါတယ်။ ဘောလုံးအားကစားနည်းရဲ့ အခြေခံအကျဆုံး သီအိုရီဖြစ်တဲ့ ပျော်ရွှင်စွာကစားခြင်းကို အသက်သွင်းထားနိုင်ပါတယ်။ တစ်ချိန်တုန်းက အလွန်ဆို ဆုတ်ဖြဲပစ်ဖူးတဲ့ မှတ်စုစာရွက်ပေါ်က နည်းဗျူဟာတွေဟာ မြက်ခင်းစိမ်းထက်မှာ Orchestra တီးဝိုင်းလို သက်ဝင်လာတာပါပဲ။ ဘောလုံးအားကစားနည်းဟာ နည်းဗျူဟာ အားပြိုင်ပွဲသက်သက် မဟုတ်ပါဘူး။ စိတ်ခံစားချက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပါဝါအားပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အတိုင်းထက်အလွန်ယုံကြည်စိတ်ရဲ့ အသီးအပွင့်လို့လည်း ဆိုရပါမယ်။ ဘောလုံးအသင်းတစ် သင်း အောင်မြင်ရေးအတွက် ကစားသမားနဲ့ နည်းပြကြား အပြန်အလှန် ယုံကြည်လေးစားစိတ်ဟာ သိပ်ပြီးအရေးကြီးပါတယ်။ အဲဒီလမ်းပြမြေပုံ နဲ့ အလွန်ဆိုက ရီးယဲလ်ခေတ်သစ်ကို တည်ထောင်ချင်နေပါတယ်။
အလွန်ဆိုဟာ ကစားသမားဘဝတုန်းက ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားစဉ်က လက်ရှိ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာရဲ့လက်အောက်ကစားဖူးသူလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာ ကလေဗာကူဆင်နဲ့အတူ မမေ့နိုင်စရာသမိုင်း ဖန်ဆင်းပြထားတဲ့ အလွန်ဆိုကို ဉာဏ်ရည်ထက် မြက်သူဆိုပြီး ချီးကျူးခဲ့ဖူးတယ်။ ဘောလုံးအားကစားနည်းဟာ အလွန်ဆိုအတွက် အဓိပ္ပာယ် သိပ်ရှိပါတယ်။ ခပ်ငယ်ငယ်အရွယ်က ညစာစားပွဲတစ်ခုကို အလွန်ဆို မှတ်မိနေသေးတယ်။ ထမင်းစားပွဲပေါ်မှာ သူ့အဖေရဲ့ မှတ်စုစာအုပ်နဲ့ခဲတံတွေ ပြည့်နေတတ်ပြီး ဟင်းမကျက်ခင်အထိ နည်းဗျူဟာအကြောင်း ရေးခြစ်နေတတ်ပါတယ်။ အလွန်ဆိုရဲ့အမေက ပန်းကန်ပြားကြီးကိုင်ပြီး အနားရောက်လာလည်း အလွန်ဆိုရဲ့ အဖေအာရုံမရှိဘူး။ အလွန်ဆိုရဲ့ အမေက "ပီရီကိုရေ၊ စားရအောင်လေ" ပြောလည်း မရပါဘူး။ နောက်ဆုံး အလွန်ဆိုရဲ့ အမေကပဲ လက်လျှော့လိုက်ရပါတယ်။ ညစာစားရင်း ဘောလုံးအကြောင်း ပြောရချိန်တွေကလည်း မမေ့နိုင်စရာပါ။ ဘောလုံးပွဲတွေအကြောင်းဟာ အလွန်ဆိုတို့မိသားစု ညစာစားပွဲက အချိုပွဲပါပဲ။ ညစာစားတဲ့အခန်းကျဉ်းကျဉ်းလေးထဲမှာ အလွန်ဆိုက အိပ်မက်အကြီးကြီး မက်ခဲ့ပါတယ်။ အလွန်ဆိုတို့ညီအစ်ကိုနှစ်ယောက် အင်တာဗျူးအစီအစဉ်လုပ်တမ်း ကစားခဲ့ကြတယ်။ "ရှာဘီရေ၊ ဒီနေ့အကောင်းဆုံးကစားသမားဆု ရတဲ့အတွက် ဘယ်လိုခံစားရလဲ" "ကျွန်တော့် အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ အရင်ဆုံး ပြောချင်ပါတယ်" ဆိုတာမျိုးတွေပေါ့။
အလွန်ဆိုရဲ့ အိမ်နီးချင်းဘော်ဒါတွေကလည်း ဘောလုံးအားကစားနည်းကို ရူးသွပ်သူတွေပါ။ အဲဒီထဲက တစ်ယောက်ကတော့ မီခဲလ်အာတီတာပါပဲ။ နေ့စဉ်နေ့တိုင်းနီးပါး စကိတ်စီးပြီး ကမ်းခြေမှာ တင်းနစ်သွားကစားတယ်၊ ဘောလုံးကစားတယ်။ အဲဒီ အိမ်နီးချင်းဘော်ဒါ မီခဲလ်အာတီတာဟာ သူ့ထက်ပိုပြီးဘောလုံးကို ရူးသွပ်တယ်လို့ အလွန်ဆို ခပ်ငယ်ငယ်အရွယ်ကတည်းက တွေးခဲ့မိတယ်။ အာတီတာက အလွန်ဆိုထက် လပိုင်းလောက် ငယ်ရွယ်ပါတယ်။ ကမ်းခြေမှာ ဘောလုံးကစားတဲ့အခါ အာတီတာက အလျှော့မပေးတော့ဘူး။ နိုင်လိုစိတ် သိပ်ပြီးပြင်းထန်ပါတယ်။ အာတီတာနဲ့ အလွန်ဆိုဟာ တစ်ဦးနဲ့တစ်ဦး ပြောစရာမလိုတဲ့ နှောင်ကြိုးနဲ့ ချည်နှောင်ခဲ့ကြတယ်။ အခုအချိန်အထိ ဘောလုံး အကြောင်း ဆွေးနွေးနေတုန်းပဲ။
ဘွန်ဒစ်လီဂါဖလားတစ်ကြိမ်မှ မရဘူးလို့ Neverkusen ဆိုပြီး သမိုင်းနဲ့ချီလှောင်ပြောင်ခံခဲ့ရတာကို အလွန်ဆို ပြောင်းလဲပစ်ခဲ့ပါတယ်။ အောင်ပွဲရချိန်မှာ အလွန်ဆိုက သူလက်တွဲဖူးတဲ့ ဂွါဒီယိုလာ၊ မော်ရင်ဟို၊ ဘင်နီတက်ဇ်၊ အန်ဆယ် လော့တီ၊ အာရာဂိုးနက်စ်၊ ဒဲလ်ဘော့စကေးစသူတို့ကို အမှတ်ရနေမိတယ်။ အဲဒီလိုပဲ မိသားစုအိမ်က ညစာစားပွဲကို လွမ်းနေမိတယ်။ အဲဒီညစာ စားပွဲပေါ်မှာ မှတ်စုစာရွက်၊ ခဲတံတွေနဲ့ အလုပ် ရှုပ်နေတဲ့ သူ့အဖေကို အလွန်ဆို တမ်းတနေမိတယ်။ ဘဝဟာ စက်ဝိုင်းတစ်ခုလိုပါပဲ။ အခုဆိုရင် အလွန်ဆိုက မိသားစုညစာစားပွဲမှာ နည်းဗျူဟာတွေ အကြောင်း အတွေးလွန်နေမိတယ်။ သူ့မိန်းမဖြစ်သူက "ရှာဘီရေ၊ စားရအောင်လေ"ပြောရင် အလွန်ဆို ချက်ချင်းမကြားပါဘူး။ အခုတော့ ရီးယဲလ်နဲ့အတူ စိန်ခေါ် သံအသစ်တွေ ရင်ဆိုင်ရတော့မယ်။ ရီးယဲလ် နည်းပြသစ်ဖြစ်လာရင် အလွန်ဆို ဖြေရှင်းရမယ့်အကြီးမားဆုံးပြဿနာက ဘာပေနဲ့ ဗင်နီစီယက်စ်ကစားဟန် ထပ်နေတာပါ။ သူတို့နှစ်ဦးကြား အတ္တ အားပြိုင်ပွဲတွေ မဖြစ်အောင်လည်း ထိန်းကျောင်းရမယ်။ ရီးယဲလ်နဲ့ အလွန်ဆိုက ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဖွယ်ရှိပြီး အဲဒီကာလအတွင်း ကြယ် စင်စု ရီးယဲလ် ဘယ်လောက်အောင်မြင်မလဲ။
ရီးယဲလ်မှာ အလွန်ဆို သုံးစွဲဖွယ်ရှိတဲ့ ကစားကွက်
အလွန်ဆိုက လေဗာကူဆင်အသင်းမှာတော့၃-၄-၂-၁ ကစားကွက်ကို အသုံးများခဲ့ပါတယ်။ ရီးယဲလ်ကိုရောက်လာရင်လည်း အလွန်ဆိုက ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုဖွယ်ရှိနေပါ တယ်။ ဂိုးသမားနေရာမှာ ကော်တိုအာ၊ ခံစစ်သုံး ယောက်တန်းမှာ ကာဗာဟယ်လ်၊ မီလီတို၊ ရူဒီဂါ၊ကွင်းလယ်မှာ အာနိုးလ်၊ ဗယ်လ်ဗာဒီ၊ ချူယာမန်နီ၊ကာမာဗင်ဂါ၊ ကွင်းလယ်တိုက်စစ်ကစားသမားတွေအဖြစ်ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်၊ အထောင်တိုက်စစ် နေရာမှာ ဘာပေတို့ ပွဲထွက်ဖွယ်ရှိနေပါတယ်။
ဂိုး-ကော်တိုအာ
နောက်တန်း - ကာဗာဟယ်လ်၊ မီလီတာအို၊ ရူဒီဂါ
အလယ်တန်း-အာနိုးလ်၊ ဗယ်လ်ဗာဒီ၊ ချူယာမန်နီ၊ ကာမာဗင်ဂါ
ရှေ့တန်း - ဘယ်လင်ဂမ်၊ ဗင်နီစီယပ်စ်၊ အမ်ဘာပေ
ဒီကစားကွက်အခင်းအကျင်းမှာ အာနိုးလ်နဲ့ ဗင်နီစီယက်စ်ရှိမယ့် ညာခြမ်းက အတော်လေးအား ကောင်းနေသလို၊ တန်ပြန်တိုက်စစ်ဒဏ်ခံရဖို့ လည်း အခြေအနေများနေတယ်။ အလွန်ဆိုအနေနဲ့ ရီးယဲလ်ရဲ့ရိုးရာကို မဖျက်ဘဲ ၄-၃-၃ ကစားကွက်ကိုသုံးမယ်ဆိုရင် လူငယ် ကြယ်ပွင့် အန်းဒရစ်ချ် နေရာရလာနိုင်ပါတယ်။ ရီးယဲလ်ရဲ့အောင်ပွဲတွေမှာ အရေးပါနေတဲ့ ရိုဒရီဂိုက အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီး သူမရှိရင် အန်းဒရစ်ချ် နေရာရလာနိုင်တယ်။ ဂိုးသမားနေရာမှာ ကော်တိုအာ၊ ခံစစ်မှာ ကာဗာဟယ်လ်၊ မီလီတို၊ ရူဒီဂါ၊ မန်ဒီ၊ ကွင်းလယ်မှာ အာနိုးလ်၊ ဗယ်လ်ဗာဒီ၊ ဘယ်လင်ဂမ်၊ တိုက်စစ်မှာ ဗင်နီစီယပ်စ်၊ အန်းဒရစ်ချ်၊ အမ်ဘာပေတို့ ဖြစ်ပါတယ်။ ဒီကစားကွက်နဲ့ လူစာရင်းက တိုက်စစ်အားသန်လွန်းပြီး ခံစစ်အားနည်းချက်တွေရှိလာနိုင်ပါတယ်။
ဂိုး-ကော်တိုအာ
နောက်တန်း-ကာဗာဟယ်လ်၊ မီလီတာအို၊ ရူဒီဂါ၊ မန်ဒီ
အလယ်တန်း- ဗယ်လ်ဗာဒီ၊ အာနိုးလ်၊ ဘယ်လင် ဂမ်
ရှေ့တန်း- အန်းဒရစ်ချ်၊ ဗင်နီစီယပ်စ်၊ အမ်ဘာပေ