Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အက်စတွန်ဗီလာ - စပါး (မြန်မာစံတော်ချိန် မေလ ၁၇ ရက် နံနက် ၁:၀၀ နာရီ)
အက်စတွန်ဗီလာကလည်း ချယ်လ်ဆီးအသင်းရဲ့အနေအထားမျိုးဖြစ်နေတယ်။ (၃) မှတ်လိုနေတဲ့အသင်းဖြစ်သလို အ မှတ်လုံးဝမလိုပဲ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုပဲ အာရုံစိုက်ရင်း ပရီးမီးယားလိဂ်မှာ ဆက်တိုက်ရလဒ်ဆိုးနေတဲ့ စပါးနဲ့ ရင်ဆိုင်ရ မှာဖြစ်တယ်။ ဒါ့အပြင် နယူးကာဆယ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့လိုအသင်းတွေကို အမီလိုက်ဖို့ ကြိုးစားရမယ့်ပွဲလည်းဖြစ် လို့ အက်စတွန်ဗီလာအသင်း အိမ်ကွင်းမှာ အမှားခံမယ်မထင်ဘူး။ စပါးကလည်း ပရီးမီးယားလိဂ်ကို လုံးဝမစဉ်းစားတော့ တဲ့အနေအထားဖြစ်လို့ ဗီလာပဲ ကြိုက်တယ်။

ချယ်လ်ဆီး - မန်ယူနိုက်တက် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် နံနက် ၁:၄၅ နာရီ)
ချယ်လ်ဆီးက အာဆင်နယ်ကွင်းမှာ နယူးကာဆယ် ရှုံးပွဲတွေ့ဖို့ မျှော်လင့်ရင်း ဒီပွဲကို အနိုင်ကစားဖို့ ကြိုးစားရမယ့် အနေအထားပါ။ အရေးကြီးပွဲစဉ်တွေမှာ နီကိုလက်စ်ဂျက်ဆန် မကစားနိုင်တာက ချယ်လ်ဆီးအတွက် စိုးရိမ်စရာတော့ ရှိတယ်။ ဒါပေမဲ့ အာမိုရင်မ်ရဲ့ ပရီးမီးယာားလိဂ်အပေါ် စိတ်ဝင်စားမှုက ဒီအချိန်မှာတော့ လုံးဝမရှိသလောက်ပါပဲ။ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုပဲ ပစ်မှတ်ထားကြိုးစားနေမယ့် အနေအထားလည်း ဖြစ်တယ်။ ဒါကြောင့် ဒီပွဲကတော့ ချယ်လ်ဆီးအတွက် အနိုင် (၃) မှတ်ယူမယ့်ပွဲ ဖြစ်နိုင်တယ်။

မူရင်းသတင်း — Eleven Media Group