Eleven Media Group

■ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် တိုက်ပွဲဝင်ရမည်ဟု ဟာလန်း ဆို

မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟာလန်းက လာမည့်ရာသီ၌ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် တိုက်ပွဲဝင်ရမည်ဟု ပြောကြားခဲ့သည်။

ဟာလန်းက ယခုရာသီမှာ မိမိတို့အတွက် ကပ်ဘေးဆိုက်သည့်ရာသီဖြစ်ပြီး လာမည့်ရာသီ၌ ကစားသမားများအနေဖြင့် ဆုဖလားအောင်ပွဲများအပေါ် ဆာလောင်စိတ်ရှိရန် လိုအပ်သည်ဟုလည်း ဆိုခဲ့သည်။

"နှစ်တိုင်းတော့ အောင်မြင်မှုမရနိုင်ပါဘူး။ ဒါပေမဲ့ လာမယ့်ရာသီမှာ ကျွန်တော်တို့ရဲ့ အစာအိမ်ထဲ ဆာလောင်စိတ် ရှိဖို့ လိုပါတယ်။ ရာသီပြီးဆုံးသွားတာနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထား ပြင်ဆင်သွားရမှာပါ"ဟု ဟာလန်းက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် (၄) ရာသီဆက်တိုက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ပင် တိုက်ပွဲဝင်ခဲ့ရသည်။

သို့သော် မန်စီးတီးအသင်းသည် FA ဖလား ဗိုလ်လုပွဲ တက်ရောက်ထားပြီး မေလ (၁၇) ရက်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group