Eleven Media Group

■ ပရီးမီးယားလိဂ်သို့ ပေါ့ဘာ မသွားသင့်ဟု ကာဘာယီ သုံးသပ်ပြောကြား

Photo: Getty Images

ပြင်သစ်လက်ရွေးစင်ဟောင်းဖြစ်သည့် ကာဘာယီက ပြင်သစ်ကစားသမား ပေါ့ဘာအနေဖြင့် ပရီးမီးယားလိဂ်သို့ မသွားသင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ပေါ့ဘာသည် ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေသည်။

၎င်းကို မေဂျာလိဂ်နှင့် ဆော်ဒီလိဂ်မှ ကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၎င်းက ပြင်သစ်လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံရရန် မျှော်လင့်ထားသောကြောင့် ဥရောပထိပ်သီးလိဂ်များတွင်သာ ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိနေသည်။

ထို့ကြောင့် ကာဘာယီက တောင်းဆိုမှုများပြားသော ပရီးမီးယားလိဂ်သို့ မသွားသင့်ကြောင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အသက် (၃၂) နှစ်အရွယ်ရှိ ပေါ့ဘာသည် မန်ချက်စတာယူနိုက်တက်အသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ကြိမ်တိုင်တိုင် ကစားခဲ့ဖူးသူဖြစ်သည်။

မူရင်းသတင်း — Eleven Media Group