
မန်စီးတီးအသင်း၏ ကွင်းလယ်ကစားသမား ကိုဗာချစ်က ဗိုလ်လုပွဲတိုင်းမှာ ခက်ခဲသောကြောင့် လာမည့် FA ဖလားဗိုလ်လုပွဲတွင်လည်း ဆုဖလားရရှိရန် ခက်ခက်ခဲခဲကြိုးပမ်းရလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် လာမည့်စနေနေ့တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ကိုဗာချစ်က ဆုဖလားရယူနိုင်ခဲ့ပါက မိမိတို့အတွက် ပိုကောင်းသည့်ရာသီတစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ဆိုခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပင် တိုက်ပွဲဝင်ခဲ့ရသည်။
ထို့ပြင် မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက် Play-offs အဆင့်မှပင် ထွက်ခွာခဲ့ရသည်။
ထို့ကြောင့် မန်စီးတီးအသင်းသည် ယခုရာသီတွင် ဖလားလက်မဲ့မဖြစ်ရေးအတွက် FA ဖလားကို ရယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။