Eleven Media Group

■ ရပ်ရှ်ဖို့ဒ်ကို ပေါင်သန်း(၄၀)ဖြင့် မန်ယူနိုက်တက် ရောင်းထုတ်ဖွယ်ရှိ

Photo: Getty Images

မန်ယူနိုက်တက်အသင်းသည် အက်စတွန်ဗီလာအသင်းထံ အငှားချထားသည့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို လာမည့်နွေရာသီတွင် ပေါင်သန်း(၄၀)ဖြင့် ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။

မန်ယူနိုက်တက်အသင်းသည် ရပ်ရှ်ဖို့ဒ်ကို အသင်းတွင် ပြန်လည်နေရာပေးရန် ဆန္ဒမရှိတော့သောကြောင့် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ရပ်ရှ်ဖို့ဒ်ကလည်း မန်ယူနိုက်တက်အသင်းတွင် ပြန်ကစားလိုခြင်းမရှိတော့ကြောင်း သိရသည်။

သို့သော် ၎င်းက မန်ယူနိုက်တက်အသင်းတွင် ရရှိနေသည့် လစာနှုန်းထားအတိုင်း အသင်းသစ်တွင်လည်း ရရှိသွားရန် လိုလားနေသည့်အတွက် ခေါ်ယူလိုသည့်အသင်းများ အခက်တွေ့ဖွယ်ရှိနေကြောင်း သိရသည်။

အသက် (၂၇) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်ယူနိုက်တက်အသင်းတွင် တစ်ပတ်လစာ ပေါင် (၃၂၅၀၀၀) ရရှိနေကြောင်း သိရသည်။

အက်စတွန်ဗီလာအသင်းသည် ယင်းလစာငွေကို ပေးချေလိုခြင်းမရှိသည့် ရပ်ရှ်ဖို့ဒ်အား အပြီးသတ်ခေါ်ယူလိုခြင်းမရှိသလို၊ ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းသင်းသို့သာ ပြောင်းရွှေ့လိုနေကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လိုနေပြီး ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ခွင့်ရခဲ့မည်ဆိုပါက လစာလျှော့ယူရန်ပင် ဆန္ဒရှိနေကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group