
အာဆင်နယ်အသင်းသည် လာမည့်ရာသီတွင် ဝတ်ဆင်မည့် အိမ်ကွင်းဝတ်စုံသစ်ကို ကြာသပတေးနေ့တွင် မိတ်ဆက်ပြသခဲ့သည်။
အာဆင်နယ်အသင်း၏ ဝတ်စုံသစ်မှာ ၁၉၉၀-၉၁ ရာသီတွင် ဝတ်ဆင်ခဲ့သည့် ဝတ်စုံကို ပြန်လည်ဆန်းသစ်ဖန်တီးထားခြင်းဖြစ်ပြီး အနီရောင်အောက်ခံ၌ A စာလုံးများကို ထည့်သွင်းဖန်တီးထားကြောင်းလည်း သိရသည်။
အာဆင်နယ်အသင်းသည် အဆိုပါဝတ်စုံသစ်ကို ယခုရာ သီ အိမ်ကွင်းနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့် နယူးကာဆယ်အသင်းနှင့်ပွဲတွင် ဝတ်ဆင်ကစားသွား မည်ဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်း၏ ဝတ်စုံသစ်ကို မိတ်ဆက်ပြသသည့်နေ့မှာပင် စတင်ရောင်းချခဲ့ပြီး ကစားသမားများဝတ် ဆင်သည့် ဝတ်စုံကို ပေါင်(၁၂၀)ဖြင့် ရောင်းချသွားမည်ဟု သိရသည်။
အာဆင်နယ်အသင်းသည် ဝတ်စုံသစ်မိတ်ဆက်ပြသခြင်းနှင့်အ တူ လာမည့်ရာသီ၌ ဂိုးသမား ဒေးဗစ်ရာယာနှင့် ကွင်းလယ်ကစားသမား နွမ်နရီတို့ ကျောနံပါတ်ပြောင်းလဲ ဝတ်ဆင်သွားမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။
ရာယာ သည် ယခုရာသီအထိ ကျောနံပါတ် (၂၂)ဝတ်ဆင်ခဲ့သော်လည်း လာမည့်ရာသီတွင် ကျောနံပါတ်(၁)ကို ပြောင်းလဲဝတ်ဆင်သွားမည်ဖြစ်သည်။
ယခုရာသီ၌ ကျောနံပါတ် (၅၃) ဝတ်ဆင်ခဲ့သည့် နွမ်နရီက လာမည့်ရာသီ၌ ကျောနံပါတ်(၂၂) ပြောင်းလဲဝတ်ဆင်သွားမည်ဖြစ်ပြီး အခြားကစားသမားအချို့လည်း နံ ပါတ်အပြောင်းအလဲဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။