
ခရစ္စတယ်ပဲလေ့စ် - မန်စီးတီး (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၁၀:၀၀ နာရီ)
နှစ်သင်းစလုံးက ဖလားလက်မဲ့ရာသီမဖြစ်အောင် ကစားရမယ့် ပွဲဖြစ်တယ်။ အထူးသဖြင့်တော့ ခရစ္စတယ်ပဲလေ့စ်ထက် မန်စီးတီးရဲ့ဖလားလက်မဲ့ ရာသီဆိုတာက ပိုဆိုးတဲ့အတွက် မန်စီးတီးအတွက် ပိုဖိအားကြီးနေတယ်။ မန်စီးတီးအသင်းရဲ့အဓိကတိုက်စစ်မှူး အာလင်းဟာလန်းကတော့ ဗိုလ်လုပွဲအမီလေး ဒဏ်ရာက ပြန်သက်သာလာပြီး ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဝင်ကစားသွားခဲ့တယ်။ ဒီနှစ်သင်းရဲ့သမိုင်းကြောင်း၊ အစဉ်အလာ၊ လူအင်အား၊ ငွေကြေးအင်အား အစစအရာရာမှာ မန်စီးတီးက ပိုသာတာ မှန်ပေမဲ့ ပဲလေ့စ်က လက်ရှိအချိန်မှာ မန်စီးတီးအသင်းကို ဒုက္ခပေးနိုင်တဲ့စုဖွဲ့မှုနဲ့ ရလဒ်ကောင်းတွေရှိနေတာကို တွေ့ရတယ်။ မန်စီးတီးအတွက် ခက်ခဲနိုင်မယ့်ပွဲပါ။ လက်ရှိ Rhythm သိပ်မမှန်ပုံနဲ့ဆိုရင် ပဲလေ့စ်ရဲ့စုဖွဲ့မှုကိုတောင် ပိုကြိုက်တယ်။ ပဲလေ့စ် မထင်မှတ်ဘဲ အောင်မြင်မှု ရသွားနိုင်တယ်။
■ ခရစ္စတယ်ပဲလေ့စ်အသင်းသည် ယခုရာသီ FA ဖလားပြိုင်ပွဲ၌ (၅)ပွဲစလုံး အနိုင်ရရှိခဲ့ရာတွင် Clean Sheet (၄)ပွဲရရှိခဲ့သည်။
■ ယင်း (၂)သင်းတွေ့ဆုံသည့် နောက်ဆုံး (၆)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။