Eleven Media Group

■ မြန်မာအမျိုးသမီးအသင်းနှင့် ဟောင်ကောင်အမျိုးသမီးအသင်း ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့သည် လာမည့်ဒီဇင်ဘာအတွင်း ရန်ကုန်မြို့၌ ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲများအတွက် ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ် (HKFA) နှင့် ချိတ်ဆက်ဆောာင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစာရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့သည် လာမည့်ဒီဇင်ဘာ ၁၊ ၄ ရက်များတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လက်ရှိအချိန်တွင်မူ ယင်းခြေစမ်းပွဲများနှင့် ပတ်သက်၍ သတင်းအချက်အလက် အသေးစိတ်ကိုမူ ထုတ်ပြန်သေးခြင်းမရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအတွင်းက လည်း ရန်ကုန်မြို့တွင် ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားထားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအတွင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲနှစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းကို (၄-၁) ဂိုးများဖြင့် နှစ်ပွဲစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ နောက်ဆုံးထုတ်ပြန်မှုအရ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုသမီးအသင်းက အဆင့် ၅၆၊ ဟောင်ကောင်လက်ရွေးင်အမျိုးသမီးအသင်းက အဆင့် ၈၀ နေရာတို့တွင် ရပ်တည်နေကြလျက်ရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုသမီးအသင်းသည် ပြီးခဲ့သည့် စက်တင်ဘာအတွင်းက ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ အာရှအားကစား ပြိုင်ပွဲမှ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် အုပ်စု (B) ၌ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့ နှင့် ကျရောက်ခဲ့သည်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် တောင်ကိုရီးယားအမျိုးသမီးအသင်းကို (ဝ-၅) ဂိုး၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းကို (ဝ-၈) ဂိုးတို့ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းနှင့် (ဝ-၀) သရေကျခဲ့ကာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

Photo- MFF

မူရင်းသတင်း — Eleven Media Group