Myanmar Transparency News

ရော်ဘာပြားများ ထပ်ထားရာမှ အောင်းပူဖြစ်၍ KBA ဆိုးပြားစက်ရုံ မီးလောင်မှု ယနေ့ဖြစ်ပွား

၁၉. ၅.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ်၊ (၆၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ KBA ဆိုးပြားစက်ရုံတွင် ရော်ဘာစက်မှထွက်ရှိသော ရော်ဘာပြားများထပ်ထားရာမှ အောင်းပူဖြစ်၍ မီးလောင်မှု ယနေ့ မေလ ၁၉ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မိနစ် ၄၀ ခန့် ကြာမြင့်သော မီးလောင်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၄၅ ပေရှိ အုပ်ညှပ် နှစ်ထပ်အဆောက်အအုံနှင့် ရော်ဘာကုန်ကြမ်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၃ စီး၊ ရေသယ်ယာဥ် ၈ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ရော်ဘာဆိုးပြားစက်ရုံ မီးလောင်မှုကြောင့် အသက် ၄၂ နှစ်အရွယ် မန်နေဂျာ ဦးခင်မောင်ထွေးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News