Eleven Media Group

ချစ်သူနံဘေး ရှိနေပေးဖို့ (Life)

Photo: X

အလားအလာရှိတဲ့ လူငယ်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဝီလ်စတေးလ်က စာချုပ်သက်တမ်းမပြည့်ခင်မှာပဲ လန်းစ်အသင်းနဲ့ လမ်းခွဲလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမကျန်းဖြစ်နေတဲ့ ချစ်သူရဲ့နံဘေးမှာ ရှိနေပေးဖို့၊ ချစ်သူအတွက် အချိန်ပိုပေးနိုင်ဖို့ပါ။ သူ့ရဲ့ချစ်သူက Sky Sport မှာ ဘောလုံးပွဲရုပ်သံတင်ဆက်သူအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး အမ်မာဆောင်းဒါးစ်လို့ အမည်ရပါတယ်။ အင်္ဂလန်သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ သွိုင်းရွိုက်ကင်ဆာဖြစ်ခဲ့တာကြောင့် ကုသမှုခံယူခဲ့ရပါတယ်။ လက်ရှိအချိန်မှာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်ပေမဲ့ ပြန်လည်ထူထောင်မှုပြုလုပ်နေရချိန် ဖြစ်တာကြောင့် ဝီလ်စတေးလ်က အနားမှာ ရှိနေပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အလားအလာရှိတဲ့ လူငယ်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဝီလ်စတေးလ်က စာချုပ်သက်တမ်းမပြည့်ခင်မှာပဲ လန်းစ်အသင်းနဲ့ လမ်းခွဲလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမကျန်းဖြစ်နေတဲ့ ချစ်သူရဲ့နံဘေးမှာ ရှိနေပေးဖို့၊ ချစ်သူအတွက် အချိန်ပိုပေးနိုင်ဖို့ပါ။ သူ့ရဲ့ချစ်သူက Sky Sport မှာ ဘောလုံးပွဲရုပ်သံတင်ဆက်သူအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး အမ်မာဆောင်းဒါးစ်လို့ အမည်ရပါတယ်။ အင်္ဂလန်သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ သွိုင်းရွိုက်ကင်ဆာဖြစ်ခဲ့တာကြောင့် ကုသမှုခံယူခဲ့ရပါတယ်။ လက်ရှိအချိန်မှာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်ပေမဲ့ ပြန်လည်ထူထောင်မှုပြုလုပ်နေရချိန် ဖြစ်တာကြောင့် ဝီလ်စတေးလ်က အနားမှာ ရှိနေပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဝီလ်စတေးလ်က အင်္ဂလိပ်လူမျိုးဖြစ်ပေမဲ့ အင်္ဂလန်ဘောလုံးလောကနဲ့ ကင်းကွာသလိုတော့ ဖြစ်နေပါတယ်။ သူက ဘယ်လ်ဂျီယံနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အသက်(၁၇)နှစ်အရွယ်မှာကတည်းက နည်းပြဘဝကို ရွေးချယ်ခဲ့သူပါ။ သူက အင်္ဂလန်က ကောလိပ်တစ်ခုမှာ လာရောက်သင်ကြားခဲ့ပြီး ပရက်စတန်ယူ-၁၄ အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဘယ်လ်ဂျီယံကလပ်အသင်းတွေမှာ Video Analyst အဖြစ် လုပ်ဆောင်ခဲ့ပြီး ၂၀၂၀ မှာတော့ ဘယ်လ်ဂျီယံပထမတန်းကလပ် ဘီယာရှော့အသင်းရဲ့ နည်းပြဖြစ်လာပါတယ်။ ၂၀၂၂ မှာ ပြင်သစ်ကလပ် Reims အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံရပြီး အသက်(၃၀)ပဲ ရှိသေးတာကြောင့် ဥရောပထိပ်တန်းလိဂ်(၅)ခုထဲမှာ အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ UEFA ရဲ့ ပရိုလိုင်စင်မရှိသေးတာကြောင့် Reims အသင်းအနေနဲ့ ဒဏ်ငွေပေးဆောင်ခဲ့ရပါသေးတယ်။ ၂၀၂၄ နွေရာသီမှာတော့ ဝီလ်စတေးလ်က UEFA နဲ့ လမ်းခွဲပြီး လန်းစ်အသင်းနဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲဒီနွေရာသီမှာပဲ အမ်မာဆောင်းဒါးစ်နဲ့ ချစ်သူတွေဖြစ်နေကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲကို နှစ်ဦးအတူ သွားရောက်ကြည့်ရှုခဲ့ကြပြီး အဲဒီပုံတွေကို Instagram မှာ တင်လိုက်ခြင်းနဲ့ အသိပေးခဲ့တာပါ။ ဝီလ်စတေးကလန်းစ်အသင်းကို ပြင်သစ်လိဂ်မှာ ပြီးခဲ့တဲ့ ရာသီကထက် အမှတ်ပိုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကျေနပ်လောက်တဲ့ ရာသီတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အဲဒီရာသီအစမှာပဲ အမ်မာဆောင်းဒါးစ်က ကင်ဆာရောဂါနဲ့ စတင်ရင်ဆိုင်ခဲ့ရတာကြောင့် ပြင်သစ်မြေမှာ ဝီလ်စတေးလ် စိတ်ဖြောင့်ဖြောင့်နဲ့ ဖြတ်သန်းနိုင်ခဲ့မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရာသီပြီးဆုံးတဲ့အထိ တာဝန်ကျေခဲ့ပြီး အမ်မာရဲ့ ကျန်းမာရေးအကြောင်း သိနေတဲ့ လန်းစ်အသင်းတာဝန်ရှိသူတွေနဲ့ လန်းစ်အသင်းပရိသတ်တွေကလည်း နားလည်ပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲအပြီးမှာတော့ ဝီလ်စတေးလ်က လာမယ့်ရာသီ လန်းစ်အသင်းမှာ ရှိနေတော့မှာမဟုတ်ဘူးလို့ ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ပါတယ်။ "လာမယ့်ရာသီမှာ လန်းစ်အသင်းရဲ့နည်းပြအဖြစ် ကျွန်တော် ရှိနေမှာမဟုတ်တော့ပါဘူး။ ဒါက နောက်ဆုံးရာသီပါ။ အခုလိုဆုံးဖြတ်ဖို့ တွန်းပို့ခဲ့တဲ့ အဓိက အကြောင်းပြချက်ကတော့ ကျွန်တော် အိမ်ပြန်ဖို့ လိုအပ်နေလို့ပါ။ ကျွန်တော့်ရဲ့ ဇနီးနဲ့ ပိုပြီးနီးနီးကပ်ကပ် ရှိနေနိုင်ဖို့လည်း ဖြစ်ပါတယ်"လို့ ဝီလ်စတေးက ဆိုခဲ့ပါတယ်။ မိုနာကိုအသင်းကို (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲကို အမ်မာဆောင်းဒါးစ်လည်း လာကြည့်ခဲ့ပြီး ပွဲပြီးတော့ ကွင်းထဲမှာ အမှတ်တရဓာတ် ပုံရိုက်ခဲ့ပါသေးတယ်။

ချစ်သူရှိရာ အင်္ဂလန်ကို ပြန်ရောက်လာတဲ့ ဝီလ်စတေးလ်ကို နည်းပြအဖြစ် ခန့်အပ်ချင်တဲ့ အင်္ဂလန်ကလပ်တွေ အတော်များများရှိနေတာကြောင့် ဝီလ်စတေးလ်ရဲ့ ရွေးချယ်မှုကို စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ အများစုကတော့ လိဂ်ချန်ပီယံရှစ်အသင်းတွေဖြစ်ပြီး လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကနေ လိဂ်ချန်ပီယံရှစ်ကို ဆင်းသက်ယှဉ်ပြိုင်ရမယ့် ဆောက်သမ်တန်အသင်းနဲ့တော့ သတင်းတွေ ပိုထွက်နေပါတယ်။ အင်္ဂလန်ဘောလုံးလောကမှာ အစွမ်းအစပြခွင့်မရသေးတဲ့ ဝီလ်စတေးလ်အနေနဲ့ ဘယ်အသင်းမှာ အစွမ်းပြခွင့်ရလာမလဲဆိုတာ ရင်ခုန်စရာပါပဲ။ ပြီးတော့ ဝေဒနာသည် ချစ်သူလေးကို ဘယ်လောက်အထိ ခွန်အားတွေ ပေးစွမ်းနိုင်မလဲ ဆိုတာကိုရောပေါ့။ ချစ်သူနံဘေး ရှိနေပေးဖို့ ဝီလ်စတေးလ် ရွေးချယ်ခဲ့ခြင်းက သူ့အတွက် အခုထက်ပိုပြီး ထင်ရှားကျော်ကြားတဲ့ နည်းပြတစ်ယောက် ဖြစ်လာစေဖို့ အကြောင်းဖန်လာခြင်းလားဆိုတာကိုတော့ . . . ။

မူရင်းသတင်း — Eleven Media Group