Eleven Media Group

ဖိအားအောက်မှ ထွက်ပေါက်တစ်ခု (သို့မဟုတ်) All-English Final

Photo: X

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ယူနဲ့ စပါးတို့ရဲ့ ကျဆင်းမှုက မယုံနိုင်စရာကောင်းအောင် ဆိုးရွားခဲ့ပါတယ်။ ရာသီပိတ်ပွဲစဉ် တစ်ပွဲစီသာ ယှဉ်ပြိုင်ဖို့ ကျန်ရှိတော့ချိန်မှာ မန်ယူအသင်းရဲ့ ရပ်တည်မှုက အဆင့်(၁၆)၊ စပါးအသင်းရဲ့ ရပ်တည်မှုက အဆင့်(၁၇)ဖြစ်နေပါတယ်။ အဓိပ္ပာယ်ကတော့ သူတို့အောက်မှာ တန်းဆင်းရမယ့် အသင်း (၃)သင်းသာ ရှိတော့တဲ့သဘောပါပဲ။ ဒါကြောင့် မန်ယူနည်းပြ အာမိုရင်မ်ရော စပါးနည်းပြ ပိုစတီကိုဂလူးပါ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသင်းတာဝန်ရှိသူတွေရဲ့ အားပေးထောက်ခံမှု ရရှိနေဆဲဆိုရင်တောင် ရလဒ်ဆိုးတွေက နည်းပြတစ်ယောက်အပေါ် ဖိအားသက်ရောက်မှုတော့ ရှိစေတာပါပဲ။ နည်းပြဆိုတာက အသင်းရဲ့ ရလဒ်ပိုင်းအတွက် အဓိကတာဝန်ယူရသူ ဖြစ်တာကြောင့်ပါ။ ပိုစတီကိုဂလူးကတော့ အာမိုရင်မ်ထက် ဖိအားပိုများနေကြောင်း မီဒီယာတွေက သုံးသပ်ဖော်ပြနေကြပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ယူနဲ့ စပါးတို့ရဲ့ ကျဆင်းမှုက မယုံနိုင်စရာကောင်းအောင် ဆိုးရွားခဲ့ပါတယ်။ ရာသီပိတ်ပွဲစဉ် တစ်ပွဲစီသာ ယှဉ်ပြိုင်ဖို့ ကျန်ရှိတော့ချိန်မှာ မန်ယူအသင်းရဲ့ ရပ်တည်မှုက အဆင့်(၁၆)၊ စပါးအသင်းရဲ့ ရပ်တည်မှုက အဆင့်(၁၇)ဖြစ်နေပါတယ်။ အဓိပ္ပာယ်ကတော့ သူတို့အောက်မှာ တန်းဆင်းရမယ့် အသင်း (၃)သင်းသာ ရှိတော့တဲ့သဘောပါပဲ။ ဒါကြောင့် မန်ယူနည်းပြ အာမိုရင်မ်ရော စပါးနည်းပြ ပိုစတီကိုဂလူးပါ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသင်းတာဝန်ရှိသူတွေရဲ့ အားပေးထောက်ခံမှု ရရှိနေဆဲဆိုရင်တောင် ရလဒ်ဆိုးတွေက နည်းပြတစ်ယောက်အပေါ် ဖိအားသက်ရောက်မှုတော့ ရှိစေတာပါပဲ။ နည်းပြဆိုတာက အသင်းရဲ့ ရလဒ်ပိုင်းအတွက် အဓိကတာဝန်ယူရသူ ဖြစ်တာကြောင့်ပါ။ ပိုစတီကိုဂလူးကတော့ အာမိုရင်မ်ထက် ဖိအားပိုများနေကြောင်း မီဒီယာတွေက သုံးသပ်ဖော်ပြနေကြပါတယ်။ မန်ယူအသင်းတာဝန်ရှိသူတွေက အာမိုရင်မ်နဲ့ ရေရှည်လက်တွဲသွားဖို့ ဆုံးဖြတ်ထားပေမဲ့ စပါးအသင်းတာဝန်ရှိသူတွေကတော့ ပိုစတီကိုဂလူးနေရာမှာ နည်းပြသစ် အစားထိုးဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲက သူတို့ နှစ်ဦးရဲ့အနာဂတ်အတွက် စီရင်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီပွဲရဲ့ အနိုင်အရှုံးက သူတို့နှစ်ဦးရဲ့ အနာဂတ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြေရှိနေပါတယ်။ တကယ်လို့များ ဆုဖ လားတွေနဲ့ ဝေးကွာနေတဲ့ စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့မယ်ဆိုရင် စပါးအသင်း တာဝန်ရှိသူတွေက ပိုစတီကိုဂလူးကို ထုတ်ပယ်ပါတော့မလား။ ဒီဆုဖလားကို အရယူဖို့ ပစ်မှတ်ထားနေတဲ့ မန်ယူအသင်းကရော ဆုဖလားနဲ့ လွဲခဲ့ရမယ်ဆိုရင် အာမိုရင်မ်နဲ့ ဆက်ပြီးလက်တွဲသွားဖို့ သေချာပါ့မလား။ သေချာတာကတော့ ယူရိုပါလိဂ်ဖလားဟာ ဖိအားတွေအောက်ရောက်နေတဲ့ နည်းပြနှစ်ယောက်အတွက် လှပတဲ့ ထွက်ပေါက်တစ်ခု ဖြစ်နေတာပါပဲ။

ချန်ပီယံလိဂ်ဝင်ခွင့်
ယူရိုပါလိဂ်က ချန်ပီယံလိဂ်နဲ့နောက် ဒုတိယတန်းစားပြိုင်ပွဲဖြစ်ပေမဲ့ ဆုဖလားကတော့ မက်မောစရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူရိုပါလိဂ်ဖလား ရယူနိုင်တဲ့အသင်းက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိမှာကြောင့်ပါ။ မန်ယူနဲ့ စပါးတို့က ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားအောက်ခြေရောက်ရှိနေတာ ကြောင့်လည်း ဒီအခွင့်အရေးက ပိုပြီးမက်စရာဖြစ်နေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ထိပ်သီးအသင်းတစ်သင်းရဲ့ ပြင်ဆင်မှုအတွက် အရေးပါတဲ့အရာလည်းဖြစ်ပါတယ်။ ထိပ်တန်းကစားသမားအများစုက ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းကိုသာ ဦးစားပေးရွေးချယ်လေ့ရှိတာကြောင့်ပါ။ ဒါကလည်း သိပ်တော့ မဆန်းပါဘူး။ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရမှ အပိုဆုကြေးတွေရမယ်၊ ပိုပြီးထင်ရှားကျော်ကြားမယ့် အခွင့်အရေးလည်း ရရှိနိုင်မယ်ဆိုတဲ့ အားသာချက်တွေရှိတာကြောင့်ပါ။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေကို ပိုပြီးဝင်ငွေကောင်း၊ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲတွေ ဖြစ်လာအောင် ပြင်ဆင်မှုတွေ၊ တိုးချဲ့မှုတွေ ပြုလုပ်နေရာ မှာ ယူရိုပါလိဂ်ချန်ပီယံအသင်းကို ချန်ပီယံလိဂ်ဝင် ခွင့်တစ်နေရာပေးအပ်တဲ့ ပြောင်းလဲမှုကလည်း အ ကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ဆုဖလားသက်သက် မဟုတ်တော့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ပါရရှိတာဖြစ်လို့ ပိုပြီးတန်ဖိုးမြင့်တက်သွားတယ်လို့ ဆိုရမှာပါ။ ချန်ပီ ယံလိဂ်ပြိုင်ပွဲမှာ အသင်းအရေအတွက်တွေ တိုး မြှင့်ထားပေမဲ့ ပုံမှန်အတိုင်းဆိုရင် ပရီးမီးယားလိဂ် ကနေ ခွဲတမ်း(၄)နေရာသာ ရရှိတာပါ။ လာမယ့် ရာသီမှာတော့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ဒီရာ သီ ဥရောပပြိုင်ပွဲစွမ်းဆောင်မှုအရ ဝင်ခွင့်တစ်နေ ရာ ထပ်တိုးရရှိထားပါတယ်။ အခု ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း အင်္ဂလန်ကလပ်နှစ်သင်း ဆုံတွေ့နေပြီး ယူရိုပါလိဂ်ချန်ပီယံအဖြစ် ထပ်ပြီး ယှဉ်ပြိုင်ခွင့်ရရှိဦးမှာဖြစ်တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကလပ် (၆)သင်းအထိ ယှဉ်ပြိုင်ခွင့်ရရှိသွားမှာပါ။ ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်မှာက အစဉ်အလာ Big Six အသင်းတွေအပြင် ဒီအသင်းတွေကို စိန်ခေါ်နိုင်တဲ့ အသင်းတွေလည်း ပေါ်ထွက်လာတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန် ခက်ခဲလာပါတယ်။ ဒီရာသီမှာ မန်ယူနဲ့ စပါးတို့ ပြိုလဲခဲ့ချိန်မှာတောင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေက အကြိတ်အနယ်ဖြစ်နေပါတယ်။ ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတဲ့ လမ်းကြောင်းကတောင် ပိုပြီးသက်သောင့်သက်သာ ရှိနေသလိုပါပဲ။ မန်ယူနဲ့ စပါးတို့က ပရီးမီးယားလိဂ်မှာ ရှုံးပွဲများစွာနဲ့ ရုန်းကန်ခဲ့ရပေမဲ့ ယူရိုပါလိဂ်မှာတော့ အခက်အခဲ သိပ်မရှိခဲ့ကြပါဘူး။ မန်ယူအသင်းကတော့ ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိအောင်တောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လိဂ်အဆင့်မှာတုန်းက (၅)ပွဲနိုင်၊ (၃)ပွဲသရေနဲ့ ဖြတ်သန်းခဲ့သလို၊ ရှုံးထွက်အဆင့်တွေမှာလည်း ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ စပါးကတော့ လိဂ်အဆင့်မှာ ရှုံးပွဲတစ်ပွဲသာရှိခဲ့ပေမဲ့ ရှုံးထွက်အဆင့်မှာတော့ အယ်လ်ခမာကို တစ်ပွဲရှုံးခဲ့ပါတယ်။ စပါးအသင်းရဲ့ ပွဲစဉ်လမ်းကြောင်းက မန်ယူထက် ပိုချောင်သလိုလည်း ဖြစ်ခဲ့ ပါတယ်။ ဘာပဲဖြစ်ဖြစ် ဥရောပအဆင့် ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ဆိုတာ ထိုက်တန်တဲ့ အစွမ်းအစရှိမှသာ ဖြစ်နိုင်တာပါ။ ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်၊ အင်္ဂလန်ပြိုင်ဘက်နဲ့ပဲ ဆုံတွေ့ရတာကတော့ နှစ်သင်းစလုံးအတွက် ခက်ခဲစေဖို့ အကြောင်းဖန်လာသလိုပါပဲ။

တတိယမြောက်
ပရိသတ်တွေအတွက်ကတော့ နိုင်ငံတူပြိုင် ဘက်နှစ်သင်းရဲ့ ဗိုလ်လုပွဲကို ထူးထူးခြားခြားရင်ခုန် ခံစားရဖို့ ဖြစ်လာတာပါ။ ယူရိုပါလိဂ်ပြိုင်ပွဲကို ၁၉၇၁-၇၂ ရာသီမှာ UEFA Cup ဆိုတဲ့အမည်နဲ့ စတင်ကျင်းပခဲ့ပြီး ဒီရာသီမတိုင်ခင်က နိုင်ငံတူအသင်းချင်း ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တာ (၁၀)ကြိမ်ပဲ ရှိခဲ့ဖူးပါတယ်။ အီတလီအသင်းအချင်းချင်း ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တာက (၄)ကြိမ်၊ စပိန်အသင်းအချင်းချင်း ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တာက (၂)ကြိမ်၊ အင်္ဂလန်အသင်းအချင်းချင်း ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တာက (၂)ကြိမ်၊ ဂျာမနီအသင်းတွေရဲ့ ဗိုလ်လုပွဲက တစ်ကြိမ်၊ ပေါ်တူဂီအသင်းတွေရဲ့ ဗိုလ်လုပွဲက တစ်ကြိမ်ပါ။ အင်္ဂလန်ကလပ်နှစ်သင်းဆုံတွေ့တဲ့ All-English Final က ပထမဆုံးသော UEFA Cup ပြိုင်ပွဲမှာပဲ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး စပါးက ဝုလ်ဗ်အသင်းကို အနိုင်ယူဗိုလ်စွဲခဲ့ပါတယ်။ ဒုတိယအကြိမ်က ၂၀၁၈-၁၉ ရာသီမှာဖြစ်ပြီး ချယ်လ်ဆီးက အာဆင်နယ်ကို အနိုင်ယူဗိုလ်စွဲခဲ့ပါတယ်။ ဒါကြောင့် အခု မန်ယူနဲ့ စပါးတို့ရဲ့ ဆုံတွေ့မှုက ဒီပြိုင်ပွဲရဲ့ တတိယမြောက် All-English Final ဖြစ်ပါတယ်။ စပါးအသင်းအတွက် ဥရောပမှာ တတိယ အကြိမ် ယှဉ်ပြိုင်ရမယ့် All-English Final လည်းဖြစ်ပါတယ်။ စပါးက ၁၉၇၁-၇၂ ရာသီတုန်း က ဒီပြိုင်ပွဲမှာ All-English Final ဆင်နွှဲခဲ့ဖူးသ လို၊ ၂၀၁၈-၁၉ ရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းနဲ့ All-English Final ဆင်နွှဲ ခဲ့ဖူးပါတယ်။ မန်ယူအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပဲ All-English Final ဆင်နွှဲခဲ့ဖူးတာပါ။ ၂၀၀၇-၀၈ ရာသီတုန်းက ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာပါ။ ဒါကြောင့် မန်ယူအတွက်တော့ ဥရောပမှာ ဒုတိယမြောက် All-English Final ဆင်နွှဲရမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း စပါးကို အနိုင်ရလိမ့်ဦးမယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ ဘာကြောင့် မန်ယူအသင်းက ပိုပြီးရေပန်းစားနေတာလဲ ဆိုတော့ စပါးအသင်းမှာ မတ်ဒီဆန်၊ ကူလူဆက်ဗ်စကီးတို့လို အဓိကကစားသမားတွေ ဒဏ်ရာရနေတဲ့ အချက်ရယ်၊ ဆုဖလားအောင်ပွဲနဲ့ ကာလရှည်ဝေးကွာနေတဲ့ အချက်ရယ်ကြောင့်လို့ ဆိုရမှာပါ။ တကယ်တော့ လက်ရှိအချိန်မှာ သူတို့နှစ်သင်းက ဘဝတူလို့ ဆိုရမယ့်အနေအထားမျိုး ဖြစ်နေတာပါ။ မန်ယူက ပရီးမီးယားလိဂ်(၃၇)ပွဲမှာ (၃၉)မှတ်သာ ရယူထားနိုင်တဲ့အသင်းဖြစ်ပြီး စပါးကလည်း ပရီးမီးယားလိဂ်(၃၇)ပွဲမှာ (၃၈)မှတ်သာ ရယူထားနိုင်တဲ့ အသင်းပါ။ နှစ်သင်းစလုံးက အဆိုးရွားဆုံးရာသီတွေကို ဖြတ်သန်းနေရတာပါ။ ဒါပေမဲ့ မန်ယူအသင်းမှာက ဆုဖလားလာဘ် ရှိတယ်လို့ ဆိုနိုင်ပါ တယ်။ မန်ယူအသင်းက ဖာဂူဆန်ခေတ်လွန်ကာလမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းဆိုတဲ့ သရဖူကို စွန့်လွှတ်ခဲ့ရပြီဖြစ်ပေမဲ့ ဆုဖလားအောင်ပွဲတွေနဲ့တော့ အလှမ်းဝေးမသွားခဲ့ပါဘူး။ နောက်ဆုံးနှစ်ရာသီဆက်တိုက်လည်း ဆုဖလားတွေ ရယူထားနိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီမှာ လိဂ်ဖလား၊ ၂၀၂၃-၂၄ ရာသီမှာ FA ဖလား ရရှိခဲ့တာပါ။ စပါးကတော့ ၂၀၀၇-၀၈ ရာသီမှာ လိဂ်ဖလားရရှိခဲ့တာက သူတို့ရဲ့ နောက်ဆုံးသော အောင်ပွဲဖြစ်ပါတယ်။ ဥရောပအဆင့်မှာဆိုရင်တော့ ၁၉၈၃-၈၄ ရာသီမှာ UEFA Cup ရရှိခဲ့တာက နောက်ဆုံးဖြစ်တာကြောင့် ဥရောပအဆင့်ဆုဖလားနဲ့ ဝေးကွာနေခဲ့တာ နှစ်ပေါင်း(၄၀)ကျော်သွားပါပြီ။ မန်ယူအသင်းကတော့ ၂၀၁၆-၁၇ ရာသီမှာ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက မန်ယူအသင်း အနိုင်ယူခဲ့တာ အေဂျက်စ်အသင်းဖြစ်ပြီး အဲဒီတုန်းက အေဂျက်စ်အသင်းရဲ့ ကစားသမားတွေဖြစ်ခဲ့တဲ့ အိုနာနာနဲ့ ဒီလစ်တို့က အခုတော့ မန်ယူအသင်းရဲ့ ကစားသမားတွေ ဖြစ်နေခဲ့ပါပြီ။ မန်ယူအသင်းက ၂၀၂၀-၂၁ ရာသီမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တစ်ကြိမ်ထပ်ရောက်ခဲ့ပေမဲ့ ဗီလာရီးယဲလ်အသင်းကို အရှုံးပေးခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာရော ရေပန်းစားနေတဲ့အတိုင်း စပါးကို အနိုင်ယူနိုင်ပါ့မလား။ တစ်ရာသီလုံးနီးပါး ရင်ဆိုင်ခဲ့ရတဲ့ ဖိအားတွေကို ဆုဖလားတစ်လုံး၊ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာနဲ့ ချေဖျက်ပစ်နိုင်မယ့် အခွင့်အရေးကို ဘယ်သူ ဖမ်းဆုပ်နိုင်မလဲ။ ဒီရာသီ ဆုံတွေ့ခဲ့တဲ့ (၃)ပွဲစလုံး အနိုင်ယူခဲ့တဲ့ ပိုစတီကိုဂလူးကပဲ အာမိုရင်မ်ကို ထပ်ပြီးထိုးနှက်နိုင်မလား၊ အာမိုရင်မ်ကပဲ မန်ယူပရိသတ်တွေကို ဆုဖလားနဲ့ ချွေးသိပ်နိုင်မလားဆိုတာ . . . ။

မူရင်းသတင်း — Eleven Media Group