Eleven Media Group

ပရီးမီးယားလိဂ်ပွဲစဉ်(၃၇) ပွဲကြိုသုံးသပ်ချက်

Photo: AFP

ဘရိုက်တန် နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

လီဗာပူးလ်အသင်းက ချန်ပီယံဖြစ်ပြီး နောက်ပိုင်း နှစ်ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲမှာတော့ ဖိဖိ စီးစီးကစားသွားပြီး ဦးဆောင်ဂိုးနှစ်ဂိုးရထားပြီးမှ ချေပဂိုးတွေပြန်ပေးခဲ့ရလို့ သရေကျသွားတာပါ။ ပရီးမီးယားလိဂ်ကလွဲပြီး တခြားပြိုင်ပွဲ ယှဉ်ပြိုင်စရာမရှိတော့လို့ လီဗာပူးလ်အသင်း အဓိက ကစားသမားတွေနဲ့ပဲ ပွဲထွက်လာနိုင်တယ်။ ဘရိုက်တန်က ရလဒ်ပိုင်းပြန်ကောင်းလာပေမဲ့ ဇယားအလယ်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းဆိုရင် ကစားပုံရော ရလဒ်ပါကောင်းတတ်လို့ လီဗာပူးလ်အသင်း အနိုင်ရဖို့ရှိပေမဲ့ ဂိုးမပြတ်လောက်ပါဘူး။

မူရင်းသတင်း — Eleven Media Group