Eleven Media Group

ထိုင်းလိဂ်-၁ သို့ တန်းတက်ခွင့်ရမည့် Play-Off Final ပထမအကျော့တွင် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါက အောင်ကောင်မာန်၏ ဖာရေးယူနိုက်တက်အသင်းကို အနိုင်ရရှိ

Photo: Phrae United

လာမည်ရာသီထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-Off Final ပထမအကျော့ပွဲစဉ်တွင် တိုက်စစ်မှူးသန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းက တိုက်စစ်မှူး အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-Off Final ပထမအကျော့အဖြစ် ပြီးခဲ့သည့်မေ ၁၇ ရက်က သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းက အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက်အသင်းကို အိမ်ကွင်းအဖြစ် စတင်လက်ခံကစားရာ(၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းပွဲတွင် သန်းပိုင်သည် ကန်ချနာဘူရီပါ၀ါအသင်း၌ ပွဲထွက်ကစားခွင့်မရခဲ့သော်လည်း ပွဲကစားချိန်(၇၃) မိနစ်တွင် လူစားဝင်ကစားခွင့်ရရှိခဲ့သည်။
အောင်ကောင်းမာန်မှာမူ ဖာရေးယူနိုက်တက်အသင်း၏ အရန်ကစားသမားစာရင်းတွင် ပါဝင်ခဲ့သော်လည်း ဝင်ရောက်ကစားခွင့် မရရှိခဲ့ကြောင်း သိရသည်။
ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-Off Final ဒုတိယအကျော့အဖြစ် မေ ၂၄ ရက်တွင် ဖာရေးယူနိုက်တက်အသင်းက အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သည်။
ယခုရာသီ ထိုင်းလိဂ်-၂ အမှတ်ပေးပြိုင်ပွဲအပြီးတွင် အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက်အသင်းသည် အဆင့်(၃)၊ သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းသည် အဆင့်(၄) နေရာတို့တွင် ရပ်တည်ခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် အဆင့်(၃၊ ၄၊ ၅၊ ၆) ရ အသင်း (၄) သင်းအား Play-Off ပွဲစဉ်များ ကစားစေပြီး နောက်ဆုံးအနိုင်ရသည့် အသင်းတစ်သင်းအား ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ပြုမည် ဖြစ်သည်။
ထို့ကြောင့် ယင်းအသင်း လေးသင်းအား ပထမအဆင့်အနေဖြင့် Play-Off Final ဆီမီးဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကစားစေရာ အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက် နှင့် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းတို့မှာ ပြိုင်ဘက်အသင်းများကို ကျော်ဖြတ်နိုင်ခဲ့သည်။
ထို့ကြောင့် ကန်ချနာဘူရီပါ၀ါအသင်းနှင့် ဖာရေးယူနိုက်တက်အသင်းတို့သည် ထိုင်း လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-Off Final ပွဲစဉ်များအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားနေခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group