
♦ မန်စီးတီး - ဘုန်းမောက် (မြန်မာစံတော်ချိန် မေလ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
ဆောက်သမ်တန်ကို သရေကျလိုက်တာ မန်စီးတီးအတွက် အတော်နစ်နာပါတယ်။ ဒီပွဲက FAဖလား ဗိုလ်လုပွဲအရှုံးရဲ့ ရိုက်ခတ်မှုလည်း ရှိနေတယ်။ ပထမအကျော့မှာလည်း ဘုန်းမောက်အသင်းက အိမ်ကွင်းမှာ အနိုင်ယူထားလို့ မန်စီးတီးအသင်း သတိကြီးကြီးထားကစားရမယ့် အနေအထားပါ။ ဘုန်းမောက်အနေနဲ့ ဒီပွဲအနိုင်ရရင် ကွန်းဖရန့်လိဂ်ဝင်ခွင့်အတွက် အခြေအနေ အတော်ကောင်းသွားမှာဖြစ်ပေမဲ့ အသင်းရဲ့လက်ရှိအနေအထားကတော့ သိပ်အားမစိုက်တော့တဲ့ ပုံပါပဲ။ မန်စီးတီးတိုက်စစ်မှာ ဟာလန်း ပြန်ကစားနေပေမဲ့ ဂိုးပေါက်မတွေ့သေးတဲ့အပြင် တခြားတိုက်စစ်ကစားသမားတွေပါ ဂိုးရဖို့ ရုန်းကန်နေရတာကတော့ စိတ်ပျက်စရာပါပဲ။ မန်စီးတီးရဲ့လက်ကျန်နှစ်ပွဲကလည်း မထင်မှတ်ဘဲ ဒုက္ခပေးတတ်တဲ့အသင်းတွေဖြစ်လို့ အမှားခံလို့ မရပါဘူး။ အနိုင်လိုနေတဲ့ မန်စီးတီး ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
♦ ခရစ္စတယ်ပဲလေ့စ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် မေလ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
အမှတ်မလိုတော့တဲ့ အသင်းနှစ်သင်း တွေ့ဆုံနေကြတာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းက FAဖလားမှာ မထင်မှတ်ဘဲဗိုလ်စွဲပြီး ပထမဆုံးကစားရတဲ့ အိမ်ကွင်းပွဲလည်းဖြစ်နေလို့ အသင်းပရိသတ်တွေအတွက် အားသွန်ခွန်စိုက်ကစားမှာ သေချာပါတယ်။ ဒီနှစ်သင်း နောက်ပိုင်းတွေ့ဆုံမှုတွေမှာလည်း ပဲလေ့စ်အသင်းပဲ အသာရတာများပြီး ၂၀၂၁ ခုနှစ်ကတည်းက ရှုံးပွဲမရှိတော့တာ ထည့်တွက်ရမှာပါ။ လက်ရှိအနေအထားမှာလည်း ပဲလေ့စ်အသင်းက ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းစတဲ့ အစစအရာရာ အားသာချက် ရှိနေပါတယ်။ ပဲလေ့စ်ကိုပဲ ရွေးချယ်ချင်တယ်။