Eleven Media Group

■ ခြေစစ်ပွဲနှင့် ခြေစမ်းပွဲကစားမည့် အင်္ဂလန်အသင်း လူစာရင်းတွင် ချာလိုဘာ ပထမဆုံးအကြိမ် ရွေးချယ်ခံရ

ဇွန်လအတွင်းကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ခြေစမ်းပွဲအတွက် ကစားသမား (၂၆) ဦးစာရင်းကို အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြ သောမတ်စ်တူဟယ်လ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ရာ ချယ်လ်ဆီးအသင်းခံစစ်အတွင်းလူ ချာလိုဘာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
အင်္ဂလန်အသင်းသည် ဇွန်လ နိုင်ငံတကာရက်သတ္တပတ်အတွင်း ဇွန် (၇) ရက်တွင် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အန်ဒိုရာအသင်းနှင့် အဝေးကွင်း၊ ဇွန် (၁၀) ရက်တွင် ခြေစမ်းပွဲအဖြစ် ဆီနီဂေါအသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်နှစ်ပွဲအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာ ချာလိုဘာ (၂၅ နှစ်) မှာ လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံရပြီး ယူရို-၂၀၂၄ ပြိုင်ပွဲပြီးကတည်းက ရွေးချယ်ခြင်းမခံရသည့် ဆော်ဒီကလပ် အယ်လ်အာလီအသင်းတိုက်စစ်မှူး အိုင်ဗန်တိုနေးမှာလည်း တစ်ကျော့ပြန် ပါဝင်လာသည်။

အင်္ဂလန်အသင်းသည် တူဟယ်လ်လက်ထက် ခြေစစ်ပွဲနှစ်ပွဲကစားရာတွင် နှစ်ပွဲစလုံး Clean Sheet ရလဒ်ဖြင့် အနိုင်ရထားသည်။

■ အင်္ဂလန်အသင်း လူစာရင်း
ဂိုး - ဟန်ဒါဆန်၊ ပစ်ဖို့ဒ်၊ ထရက်ဖို့ဒ်
နောက်တန်း - အလက်ဇန္ဒားအာနိုးလ်၊ ဒန်ဘန်း၊ ချာလိုဘာ၊ ကော်ဝဲလ်၊ ရီးစ်ဂျိမ်းစ်၊ ကွန်ဆာ၊ လူးဝစ် စကယ်လီ၊ ဝေါ်လ်ကာ
အလယ်တန်း - ဘယ်လင်ဂမ်၊ အက်ဇီ၊ ဂယ်လာဂါ၊ ဂစ်ဘ်ဝိုက်၊ ဟန်ဒါဆန်၊ ကာတစ်ဂျုံးစ်၊ ပါလ်မာ၊ ဒက် ကလန်ရိုက်စ်၊ ရော်ဂျာစ်
ရှေ့တန်း - ဂေါ်ဒွန်၊ ဟာရီကိန်း၊ မာဒူအယ်ကီ၊ ဆာကာ၊ တိုနေး၊ ဝက်ကင်စ်

မူရင်းသတင်း — Eleven Media Group