
ဘုန်းမောက် - လက်စတာ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
ရပ်တည်မှုအတွက်ပဲ ကစားရမယ့် အသင်းတွေဖြစ်ပြီး နှစ်သင်းစလုံး မျှော်လင့်ချက်မရှိကြတော့ဘူး။ လက်စတာအသင်းကတော့ ရာသီပိတ်ချိန်မှာ ခြေစွမ်းကောင်း၊ ပုံစံကောင်းကို ပြသနေတယ်။ ဘုန်းမောက်အသင်းက ပိုကောင်းတဲ့ ကစားပုံ၊ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး အိမ်ကွင်းနောက်ဆုံးပွဲမှာ အနိုင်ကစားပါလိမ့်မယ်။
ဖူလ်ဟမ် - မန်စီးတီး (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
မန်စီးတီးအသင်းက လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး ရမှတ်က (၆၈) မှတ် ရရှိထားပါတယ်။ ဒါပေမဲ့ အခု ရာသီပိတ်ပွဲစဉ်မှာတော့ အနည်းဆုံးတစ်မှတ်ရမှ စိတ်ချရမယ့် အနေအထားဖြစ်ပြီး နယူးကာဆယ်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာတို့ နိုင်ပွဲကိုယ်စီရပြီး မန်စီးတီးသာ ရှုံးပွဲတွေ့ခဲ့ရင် အဆင့် (၆) နေရာအထိ ရောက်သွားနိုင်လို့ပါ။ ဒါကြောင့် မန်စီးတီးရဲ့ အခြေအနေက ရှုံးရင်တောင် အဆင့် (၅) အတွင်း ဝင်ဖို့များတယ်ဆိုပေမယ့် စိတ်မချရတဲ့အနေအထား ဖြစ်ပြီး စိတ်ချချင်ရင်တော့ သရေတစ်မှတ်ယူဖို့ လိုတယ်။ ဖူလ်ဟမ်အသင်းက အဆင့် (၁၀) နေရာမှာ ရောက်နေပြီး ဘာမျှော်လင့်ချက်မှ မရှိတဲ့အနေအထားဖြစ်လို့ မန်စီးတီးအသင်းသာ ပွဲကို ထိန်းကစားချင်တဲ့ ပုံစံနဲ့ ကစားရင် ဖူလ်ဟမ်ကလည်း အသည်းအသန်ကစားနေစရာမရှိပါဘူး။ သရေကျဖို့များပြီး မန်စီးတီး ကပ်နိုင်တာမျိုးလည်းဖြစ်သွားနိုင်တယ်။
အစ်ဝစ်ချ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
အစ်ဝစ်ချ်က ရာသီပိတ်ချိန်အထိ ပုံစံကောင်းကို တည်လို့ မရတော့ဘူး။ ရာသီအစက ရလဒ်တွေ မကောင်းပေမယ့် ခြေစွမ်းပိုင်းက မဆိုးပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ခြေစွမ်းရော ရလဒ်ပါ ကျဆင်းနေတာတွေ့ရတယ်။ ဝက်စ်ဟမ်းက ပါကေးတာ၊ ဆိုလာတို့ ဦးဆောင်တဲ့ ကွင်းလယ်တိုက်စစ်ပိုင်းက တော်တော်လေး အားကောင်းလာတယ်။ ဒီပွဲလည်း ဂရေဟမ်ပေါ်တာရဲ့ ဝက်စ်ဟမ်းကို ပိုကြိုက်တယ်။
လီဗာပူးလ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်က အိမ်ကွင်းဖြစ်နေပြီး အန်ဖီးလ်ကွင်းထဲမှာ ဘယ်လောက်တောင် ဆူညံနေမလဲဆိုတာ ကြိုတွေးကြည့်လို့ရပါတယ်။ ပဲလေ့စ်က ပူပူနွေးနွေး FA ဖလား ချန်ပီယံအသင်းဖြစ်ပြီး လက်ရှိ ခြေစွမ်းပိုင်းကလည်း အကောင်းဆုံးပုံစံမှာ ရှိနေတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဘရိုက်တန်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တဲ့ လီဗာပူးလ် ဒီတစ်ပတ်တော့ နိုင်ပွဲပြန်ရှာပါလိမ့်မယ်။
မန်ယူနိုက်တက် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
မန်ယူနိုက်တက်အသင်းက ဒီပွဲမတိုင်ခင်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကစားထားရပြီး အက်စတွန်ဗီလာကတော့ ဒီပွဲအတွက် လုံလုံလောက်လောက် အနားရထားပါတယ်။ မန်ယူနိုက်တက်အတွက် ဒီပွဲက အိမ်ကွင်း ရာသီပိတ်ပွဲဖြစ်နေပြီး ဒါက အသင်းအတွက်တော့ အဓိပ္ပါယ်ရှိပါတယ်။ အက်စတွန်ဗီလာက မဖြစ်မနေအနိုင်ယူရမှာပါ။ ဒါပေမဲ့ ဗီလာရဲ့ အဝေးကွင်းရလဒ်က အရမ်းစိတ်မချရဘူး။ သရေဖြစ်နိုင်တယ်။
နယူးကာဆယ် - အဲဗာတန် (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
နယူးကာဆယ်ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တဲ့အတွက် ဒီပွဲက လုံးဝအမှားမခံတဲ့ သေရေးရှင်ရေးပွဲဖြစ်သွားတယ်။ အဲဗာတန်အသင်းက လုံးဝ အမှတ်မလိုတဲ့အသင်းပါ။ ဒါကြောင့် နယူးကာဆယ်အတွက်တော့ မဖြစ်မနေအနိုင်ကစားရမယ့်ပွဲမှာ အိမ်ကွင်း ပွဲကစားရတာက တော်တော်လေးအခွင့်အရေးသာပါတယ်။ ပုံမှန်ဆိုရင်လည်း နယူးကာ ဆယ်က ပိုကောင်းတဲ့အသင်းဖြစ်လို့ နယူးကာဆယ်ပဲ နိုင်မယ်။
နော်တင်ဟမ်ဖောရက်စ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
နှစ်သင်းစလုံးအတွက် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အရေးအကြီးဆုံးပွဲတစ်ပွဲဖြစ်တယ်။ နှစ်သင်းစလုံးအတွက် သရေရလဒ် အတွက် မဟုတ်ပဲ မဖြစ်မနေ အနိုင်ရဖို့ ကစားရမယ့် ပွဲမျိုးလည်းဖြစ်တယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းက တစ်ရာသီလုံး ပုံစံကောင်းပြခဲ့ပြီးမှ ရာသီပိတ်ကာလမှ ခြေစွမ်းအနည်းငယ်ကျဆင်းနေပြီး၊ ရလဒ်ပိုင်း ယိမ်းယိုင်နေတာတွေ့ရတယ်။ ချယ်လ်ဆီးအသင်းကတော့ ရာသီပိတ် အရေးကြီးတဲ့အချိန်မှာ နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲနိုင်ခဲ့လို့ အမှတ်ပေးဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။ ဒီပွဲက ချယ်လ်ဆီးအတွက်တော့ နိုင်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီဖြစ်ပြီး ဖောရက်စ်ကတော့ နိုင်ရင်တောင် အခြားပွဲရလဒ်တွေစောင့်ကြည့်ရမယ်။ အိမ်ကွင်းပွဲ၊ ရာသီပိတ်ပွဲ၊ ဗိုလ်လုပွဲလို အရေးပါတဲ့ ပွဲတစ်ပွဲမှာ ဖောရက်စ်ကို ချယ်လ်ဆီး နိုင်ဖို့ မလွယ်ပါဘူး။ သရေရလဒ်နဲ့ အဆုံးသတ်သွားမယ်ထင်တယ်။
ဆောက်သမ်တန် - အာဆင်နယ် (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
ဆောက်သမ်တန်အသင်းက အမှတ်ပေးဇယားအောက်ဆုံးမှာ တန်းဆင်းပြိုင်ဘက် အချင်းချင်းနဲ့တောင် အမှတ်အပြတ်နဲ့ ရပ်တည်သွားခဲ့တယ်။ နည်းနည်းလေး ကံကောင်းသွားလို့သာ ဒါဘီအသင်းတန်းဆင်းတုန်းက အနည်းဆုံးရမှတ် (၁၁) မှတ်ပဲရတဲ့ စံချိန်ဆိုးကို လွတ်မြောက်ခဲ့တာပါ။ အာဆင်နယ်ကတော့ နိုင်ပွဲအတွက်ပဲ အားထည့်ကစားမယ့် အသင်းဖြစ်တယ်။ အာဆင်နယ်ပဲ နိုင်လိမ့်မယ်။
စပါး - ဘရိုက်တန် (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
စပါးက ယူရိုပါလိဂ်ဖလား ရထားလို့ အိမ်ကွင်းရာသီပိတ်ပွဲစဉ်မှာ စိတ်ဓာတ်အပြည့်နဲ့ ကစားပြီး ပရိသတ်တွေကို ကျေနပ်စေလိမ့်မယ်။ ဘရိုက်တန်က အဆင့် (၈) နေရာမှာ သေချာသလောက်ရှိပေမယ့် သရေတစ်မှတ်တော့ ရအောင် ယူဖို့ ကြိုးစားလိမ့်မယ်။
ဝုလ်ဗ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၉:၃၀ နာရီ)
ဝုလ်ဗ်အသင်းက ရလဒ်တွေဆက်တိုက် ကောင်းခဲ့ပြီးမှ ရာသီပိတ်ချိန်မှာ နောက်ဆုံး (၃) ပွဲဆက် ပြန်ရှုံးသွားတယ်။ တန်းဆင်းဇုန်က လွတ်ဖို့အတွက် အသည်းအသန် ရုန်းကန်ခဲ့ပြီးနောက် ရလဒ်တွေဆက်တိုက်ကောင်းခဲ့ပြီး အရှိန်တစ်ခုအရောက်မှာ ကစားအား ပြန်လျော့သွားတာ တွေ့ရတယ်။ ဘရန့်ဖို့ဒ်က မာကျောပြီး စုစည်းမှုကောင်းတဲ့အသင်းပါ။ ဘ ရန့်ဖို့ဒ်ကိုပဲ ကြိုက်တယ်။