
ဆန်းဒါးလန်းအသင်းသည် လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ Play-offs ဗိုလ်လုပွဲ၌ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပြီးနောက် ရှစ်ရာသီအကြာတွင် ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန် တန်းတက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ဆန်းဒါးလန်းအသင်းသည် ပရီးမီးယားလိဂ်တွင် ငါးကြိမ်မြောက် ကစားခွင့်ရမည်ဖြစ်ပြီး ပထမအကြိမ်တွင် ၁၉၉၆-၉၇ တစ်ရာသီ၊ ဒုတိယအကြိမ်တွင် ၁၉၉၉-၀၀ မှ ၂၀၀၂-၀၃ အထိ လေးရာသီ၊ တတိယအကြိမ်တွင် ၂၀၀၅-၀၆ တစ်ရာသီ၊ စတုတ္ထအကြိမ်တွင် ၂၀၀၇-၀၈ မှ ၂၀၁၆-၁၇ အထိ ၁၀ ရာသီ ကစားခွင့်ရခဲ့ဖူးသည်။
ပရီးမီးယားလိဂ်သို့တန်းတက်ခွင့် လက်ကျန်တစ်နေရာအတွက် Play-offs ဗိုလ်လုပွဲကို မေ ၂၄ ရက်က လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပခဲ့ပြီး ဆန်းဒါးလန်းအသင်းက ရှက်ဖီးယူနိုက်တက်အသင်းအား ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၅
မိနစ်တွင် သွင်းယူသည့် အနိုင်ဂိုးနှင့်အတူ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဆန်းဒါးလန်းအသင်းသည် ၂၀၁၇- ၁၈ ရာသီတွင် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပြီးနောက် ရှစ်နှစ်အကြာတွင် တစ်ကျော့ပြန် တန်းတက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
၂၀၂၄-၂၅ ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့် ထိပ်ဆုံးနှစ်နေရာအတွက် လိဒ်စ်နှင့် ဘန်လေအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ရမှတ် ၁၀၀ စီတူညီသော်လည်း ဂိုးကွာခြားချက်အသာရသည့်
လိဒ်စ်အသင်းက ချန်ပီယံဆု ရရှိခဲ့သည်။
လိဒ်စ်အသင်းမှာ နှစ်ရာသီနှင့် ဘန်လေအသင်းမှာ တစ်ရာသီအကြာမှာပင် တန်းပြန်တက်ခွင့်ရခဲ့ခြင်းဖြစ်သည်။