Eleven Media Group

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခြင်းမှာ ဆုဖလားတစ်ခု ရရှိသကဲ့သို့ပင်ဖြစ်သည်ဟု ဂွါဒီယိုလာ ဆို

Photo: Getty Images

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယခုရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခြင်းမှာ ဆုဖလားတစ်ခု ရရှိသကဲ့သို့ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီး အသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်ခဲ့ရပြီး အဆုံးသတ်တွင် တတိယနေရာရယူနိုင်ခဲ့သည်။
''ဒီနေ့ စိတ်သက်သာရာရသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်က ဆုဖလားတစ်ခု ရသလိုပဲမို့ပါ။ တတိယနေရာနဲ့ အဆုံးသတ်ရတာ တကယ်ကောင်းပါတယ်။ ဒါက ပြီးပြည့်စုံမှုမရှိပေမဲ့ လာမယ့်ရာသီမှာ ကျွန်တော်တို့ ချန်ပီယံလိဂ် ယှဉ်ပြိုင်သွားရမှာပါ။ ကျွန်တော် အရမ်းဂုဏ်ယူပါတယ်''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် ကိုင်တွယ်ခဲ့သမျှ အသင်းတိုင်းကို ဆုဖလားအောင်ပွဲများစွာ ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာနည်းပြအဖြစ် ဆောင်ရွက်ချိန်ကတည်းက ရာသီတိုင်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရခြင်းမရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာသည် နည်းပြသက်တမ်းတစ်လျှောက် အမှတ်ပေးဇယား အဆင့်(၄)နေရာအောက် မရောက်ရှိသည့် မှတ်တမ်းကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group