
နာမည်ကျော်ဘောလုံးဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Goal.com သည် ၂၀၂၄-၂၅ ရာသီအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ ချန်ပီယံလီဗာပူးလ်အသင်းမှ ကစားသမား(၅)ဦးအထိ ပါဝင်ခဲ့ပြီး (၄)ရာသီဆက်ချန်ပီယံ မန်စီးတီးအသင်းမှ ကစားသမားတစ်ဦးမျှ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
Goal.com က (၄-၃-၃)ပုံစံဖြင့် ရွေးချယ်ခဲ့သည့် အကောင်းဆုံးအသင်းတွင် ပါဝင်သူများမှာ ဂိုး - မက်ဇ်ဆဲလ်စ်(နော်တင်ဟမ်ဖောရက်စ်)၊ နောက် - အာနိုးလ်(လီဗာပူးလ်)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ ဗန်ဒိုက်(လီဗာပူးလ်)၊ ရော်ဘင်ဆင်(ဖူလ်ဟမ်)၊ လယ် - ဂရာဗန်ဘတ်ချ်၊ အယ်လစ္စတာ(လီဗာပူးလ်)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ရှေ့ - ဆာလာ(လီဗာပူးလ်)၊ အီဆက်ခ်(နယူးကာဆယ်)၊ အမ်ဘူမို(ဘရန့်ဖို့ဒ်)တို့ဖြစ်သည်။
Goal.com မှ ရွေးချယ်သည့် အကောင်းဆုံးအသင်းတွင် ကလပ်အသင်း(၇)သင်းမှ ကစားသမားများသာ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်စီးတီး၊ မန်ယူနှင့် စပါးအသင်းတို့မှ ကစားသမားများ ပါဝင်ခြင်းမရှိခဲ့ပေ။
Goal.com သည် အကောင်းဆုံးနည်းပြ (၁၀)ဦးကိုလည်း ရွေးချယ်ခဲ့ရာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်နည်းပြ အာနယ်ဆလော့က နံပါတ်(၁)နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။