Eleven Media Group

အာဆင်နယ်နှင့် နွမ်နယ်ရီ၏ အခြေအနေကို ထိပ်သီးပြိုင်ဘက်များ စောင့်ကြည့်နေ

Photo: Transfermarkt

အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသည့် အင်္ဂလန်တိုက်စစ်ကစားသမား နွမ်နယ်ရီ၏အခြေအနေကို ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့က စောင့်ကြည့်နေကြောင်း သိရသည်။
နွမ်နယ်ရီ(၁၈ နှစ်)သည် ယခုရာသီ၌ အသင်းအတွက် ခြေစွမ်းပြခွင့်ရလာသူဖြစ်ပြီး တောက်ပလာမည့် ကစားသမားအဖြစ်လည်း သတ်မှတ်ခံထားရသည်။
၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၆ တွင် ကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းက နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေသော်လည်း ပြဿနာအချို့ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် မန်စီးတီးတို့က အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်ပရိသတ်များက နွမ်နယ်ရီကို ယခုထက်အခွင့်အရေးပိုပေးရန်နှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ရန် အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းနေကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group