Myanmar Transparency News

ညအချိန် သရက်သီးတက်ခူးသူ အမျိုးသား ပြုတ်ကျ သေဆုံးမှု မန္တလေးတွင် ဖြစ်ပွား

၂၃. ၆. ၂၀၂၅
Written by Thettant

မန္တလေးမြို့တွင် ညအချိန် သရက်သီးတက်ခူးရာမှ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးသည့်ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့၏ ကူညီဆောင်ရွက်ပေးမှုအရ သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၂၂ ရက် ည ၉ နာရီခွဲအချိန်က ၁၄၅ လမ်းနှင့် ၆၂ လမ်း အနီးရှိ သရက်ပင်ပေါ်သို့ လူတစ်ဦးက သရက်သီး တက်ခူးရာမှ ပြုတ်ကျခဲ့ကြောင်း သတင်းအရ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီခဲ့သည်။

သရက်ပင်အောက်တွင် အသက် ၃၆ နှစ်အရွယ်ရှိ ကိုအောင်ဝင်းမင်း (အဘ) ဦးထိန်ဝေ ဆိုသူမှာ အပင်ပေါ်မှ ပြုတ်ကျသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရပြီး အဆိုပါဖြစ်စဥ်နေရာမှာ ကားဝင်ရောက်မရသည့် နေရာဖြစ်သောကြောင့် သေဆုံးသူ၏ ရုပ်အလောင်းကို နှစ်မိုင်ကျော် သယ်ဆောင်ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

သတင်း/ ဓာတ်ပုံ – မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့

မူရင်းသတင်း — Myanmar Transparency News